အောင်မြင်လိုလျှင် ဓာတ်ပန်းဆင် အပိုင်း(၂)
ဓာတ်ရိုက်-ဓာတ်ဆင်-ယတြာအကြောင်း သိကောင်းစရာ
* ဓာတ်-ဆိုတဲ့သဘောတရားဟာ(သဘာဝေ ဓာရေတီတိ-ဓာတု) မပြုမပြင်
ပင်ကိုယ်သဘာဝအတိုင်းဖြစ်တာကို(ဓာတ်)လို့ ခေါ်တယ်၊အဘိဓမ္မာမှာ-ပထ၀ီ-တေဇော
အာပေါ-၀ါယော
(မြေ-မီး-ရေ-လေ)ဓာတ်(၄)ပါး သတ္တ၀ါတိုင်းရဲ့ ခန္ဓာမှာရှိလို့  (အစ္ဇျတ္တ)
အတွင်းဓာတ်ဟု ဘုရားဟောထားတယ်၊ (ဗဟိဒ္ဓ) အပြင်ဟုခေါ်တဲ့ ရေ-မြေ-လေ-မီးဆို
တဲ့ ဓာတ်(၄)ပါးလဲရှိတယ်၊ အဲဒီဓာတ်(၄)ပါးမှာ အစွမ်းသတ္တိက--ပထ၀ီ(မြေဓာတ်)ကား
မာတဲ့သဘော၊ တေဇော(မီးဓာတ်)ကား ပူတဲ့သဘော၊အာပေါ(ရေဓာတ်)ကား ယိုစီးတဲ့
သဘော၊ အေးတဲ့သဘော၊၀ါယော(လေဓာတ်)ကား လှုပ်ရှား-တွန်းကန်တဲ့သဘောတွေ
သူ့သဘာဝအတိုင်းရှိနေတယ်။
ဓာတ်ရိုက် ဓာတ်ဆင် ဆိုတာက၊ အဲဒီသဘာဝ ဓာတ်သဘောတွေကို ပူတာကို
အေးအောင်၊ အေးတာကို ပူအောင်၊ မာတာကိုပျော့အောင်၊ ပျော့တာကို မာအောင်၊
လှုပ်ရှားတာကို ခိုင်မြဲအောင်၊ပိတ်နေတာကို ပွင့်အောင်၊မကောင်းတာကို ကောင်းသွား
အောင် စသည်ဖြင့် ပြုပြင်ပေးတဲ့သဘောပါ၊မိမိရဲ့ ခန္ဓာကိုယ်မှာလဲ ဒီဓာတ်(၄)ပါးမျှတ
နေမှ မမျှတလို့  တစ်ပါးပါးဖေါက်ပြန်ရင် သေတတ်ပါတယ်၊
(အညမည ၀ဓက) အချင်း
ချင်း လူသတ်သမားလို့  ဘုရားဟောထားပါတယ်။
ဒီဓာတ်(၄)ပါးကို နားလည်ထားလို့ ရှိရင် လောကိကိစ္စပေါက်မြောက်အောင်မြင်
ရုံမက ဓာတ်ကမ္မဌာန်းနဲ့  ဘုရားလက်ထက်မှာအရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီး
ပါပဲ။ အဘိဓမ္မာ ပိဋကတ်မှာ ဓာတ်(၄)ပါး ဟောထားသလို လောကိရေးရာများမှာလဲ
ဒီ-ဓာတ်သဘောတရားတွေနဲ့  လိုက်လျှောညီထွေ အစဉ်ပြေအောင် ပြုပြင်နေကြရလို့ 
(ဗေဒင်ပိဋကတ် တစ်စပ်တည်းမှတ်)လို့  ရှေးဆရာများမိန့် ကြားခဲ့ကြပါတယ်။
ယတြာ--ဆိုတာ (
ဣစ္ဆိ အနိစ္ဆိတံ ဖလံ ပ၀တ္တီတိ-ယတြာ) အလိုမ၇ှိတဲ့ အကျိုး
တရားတွေပျောက် အလိုရှိတဲ့ အကျိုးတရားတွေ ရောက်စေတာကို ယတြာခေါ်ပါတယ်၊
ယတြာမှာ- ခေါင်းလျှော်-အ၀တ်စွန့်  သစ်ပင်စိုက် ပြဿဒါး-ရက်ရာဇာ စသည်ရွေးချယ်
ပြီး ဆောင်ရွက်တဲ့ လောကိယတြာ။ ဂါထာရွတ် ဘုရားရှိခိုး ပုတီးစိပ် အလှူပြု စတဲ့ ဗုဒ္ဓ
ယတြာ၊ဓာတ်(၄)ပါး မိမိနဲ့ သင့်တော်သလို စီမံဆောင်ရွက်ရတဲ့ယတြာလို့ (၃)မျိုးရှိတယ်၊
ဒီ ၀က်ဆိုက်မှာကတော့ တတ်နိုင်သမျှ လူအများအသုံးဝင်ပြီး ဆောင်ရွက်ရန် လွယ်ကူမဲ့
ယတြာများကို ရေးသွားပါ့မယ်။
** ဓာတ်ရိုက် ဓာတ်ဆင် ဓာတ်ယတြာ ဆောင်ရွက်တော့မယ်ဆိုရင် အောက်ပါ
အခေါ်ဝေါ အသုံးအနှုန်းများနှင့် ဇယာကွက်မှာပြထားတဲ့ အခါများကို လေ့လာပါ။
* ဥပမာ တနင်္ဂနွေနေ့  အခါဖမ်းမယ်ဆိုရင်-နံနက် (၆နာရီမှ ၇း၃၀)ပထမ
သူရဇ္ဇ အခါ၊
(၇း၃၀မှ-၉နာရီ)အထိ-ဒုတိယ
သောကြာအခါ၊(၉နာရီမှ-၁၀း၃၀)အထိ တတိယ
ဗုဒ္ဓအခါ၊
(၁၀း၃၀မှ ၁၂နာရီ)အထိ စတုတ္ထ
စနြေ္ဒာ အခါ၊(၁၂နာရီမှ-၁း၃၀)အထိ ပဉ္စမ
သောရီအခါ၊
(၁း၃၀ မှ ၃နာရီ)အထိ ဆဌမ
ဂုရု အခါ၊ (၃နာရီ မှ ၄း၃၀)အထိ သတ္တမ
ဘောမအခါ၊
(၄း၃၀မှ ၆နာရီ)အထိ အဌမ
သူရဇ္ဇ အခါဟူ၍ တစ်နေ့လျှင်အခါ(၈)ခါပေါ်ပါတယ်။
* ကျန်နေ့ များများကို ၄င်းအတိုင်းနည်းမှီ၍ ဖမ်းပါ။
* ခိုင်မြဲလိုလျှင် အမြစ်ဆောင်၊ တိုးတက်လိုလျှင် အညွန့် ဆောင်၊
* အမြစ်-အညွန့် မတွန့် စေရလို့  ဆိုထားသောကြောင့်မိမိတိုရဲ့ အလုပ်-စီးပွား
ရေးများ-နေရာ-ရာထူးဌာနန္တရများ ခိုင်မြဲလိုပါက အမြစ်ဂြိုဟ်နှင့် ဓာတ်ယတြာချေရပါမည်။
တိုးတက်လိုလျှင်-အညွန့် ဆောင်ဟုဆိုသောကြောင့် မိမိဘ၀-မိမိစီးပွားရေး-ရာထူးဌာနန္တရ
တိုးတက်ကြီးပွားလိုပါကား-မိမိရဲ့ အညွန့် ဂြိုဟ်နှင့် ဓာယတြာချေရပါမည်။
(1) ဥပမာ----တနင်္ဂနွေသားသမီးများသည် အလုပ်အကိုင်-နေရာ-ရာထူးဌာနန္တရများ
တည်တံ့-ခိုင်မြဲစေလိုက-တနင်္ဂနွေ၏ အမြစ်ဂြိုဟ်ဖြစ်တဲ့ စနေနံ ထီး-ဖိနပ် တစ်ခုခုကို စနေ သားသမီးတစ်ဦးဦးအား မွေးနေ့ မှာပေးပါ၊ သို့မဟုတ် နွားနို-ဒါန်ပေါက်-ဒိန်ချင်-ထန်းလျှက်
ထောပတ်သီး တစ်ခုခု၊ဒေါနပန်း-ဒါန်းပန်း နှင်းဆီပန်း တစ်မျိုးမျိုးကိုတနင်္ဂနွေနေ့မှာ အိမ်က ဘုရားမှာသော်၎င်း၊ တန်ခိုးကြီး စေတီတစ်ဆူဆူ -စနေဒေါင့်မှာသော်၎င်း လှူ -ဆုတောင်း။
(2) တနင်္လာသားသမီးများမှာ- ပိုက်ဆန်အိပ်စသည် အိတ် တစ်ခုခု တနင်္ဂနွေသား
သမီးအား မွေးနေ့ မှာ လက်ဆောင်ပေးပါ၊ သို့မဟုတ်-အုန်းထမင်း၊ အုန်းညွန့် ၊ အိုးတစ်လုံး
အိမ်ကဘုရားမမှာသော်၎င်း၊ဘုန်းကြီးကျောင်းသော်၎င်း၊တန်ခိုးကြီးစေတီ၏ တနင်္ဂနွေဒေါင့်
မှာသော်၎င်း တနင်္လာနေ့ လှူ ဆုတောင်း။
(3) အင်္ဂါသားသမီးများမှာ-(လက်ဆွဲခြင်း)ခေါ် ကော်ခြင်း တစ်လုံး တနင်္လာသားသမီး
တစ်ယောက်ယောက်အား မွေးနေ့ မှာလက်ဆောင်ပေးပါ၊သို့မဟုတ်-ကြာဇံကြော်၊ခေါက်ဆွဲ
ကြော်တစ်ခုခု၊ ကံ့ကော်(ညွန့်)ပန်း- -ကြာပန်းတစ်ခုခု အိမ်ကဘုရားမှာလှူပါ၊ သို့မဟုတ်
တန်ခိုးကြီး စေတီတစ်ဆူဆူ၏ တနင်္လာဒေါင့်မှာ အင်္ဂါနေ့ လှူဆုတောင်း။
(4) ဗုဒ္ဓဟူး(ရာဟု)သားသမီးများ- မွေးနေ့ မှာ-ဆန်-ဆီ-ဆား တစ်ခုခု အင်္ဂါသားသမီး
တစ်ယောက်ယောက်ကိုပေးပါ၊ သို့ မဟုတ်- ဆီကြော်မုန့် -ဆီထမင်း- ဆွမ်းကို ဆီဆမ်း
ဆားဖြူး တစ်ခုခု-ဇော်စိမ်း-ဇွန်ပန်းတစ်ခုခု အိမ်ကဘုရားလှူ သို့မဟုတ် တန်ခိုးကြီးစေတီ၏ီ
အင်္ဂါဒေါင့်မှာလှူ။
(5) ကြာသာပတေးသားသမီးများ- မွေးနေ့ မှာ ရေသန့်ဗူး-တစ်ဗူး ဗုဒ္ဓဟူးသားသမီး
တစ်ယောက်ယောက်ကို ပေးပါ၊ သို့မဟုတ် အိမ်ကဘုရားမှာရှောက်ယိုနှင့်ဆွမ်းတစ်ပွဲကပ်
ရွက်လှပန်းလှူ၊ သို့မဟုတ် တန်ခိုးကြီးစေတီ၏ ဗုဒ္ဓဟူးဒေါင့်မှာလှူ ဆုတောင်း။
(6) သောကြာသားသမီးများ-မွေးနေ့မှာ ပေါင်မုန့် တစ်ထုပ် ကြာသာပတေးသားသမီး
တစ်ယောက်ယောက်ကိုပေးပါ၊ သို့ မဟုတ် ပဲပြုတ်နှင့် အိမ်ကဘုရားမှာဆွမ်းကပ်၊ မေမြို့ပန်း
လှူ-သို့မဟုတ် တန်ခိုးကြီး စေတီတစ်ဆူဆူမှာလှူ ဆုတောင်း။
(7) စနေသားသမီးများ- မွေးနေ့ မှာ သစ်သီးတစ်မျိုးမျိုးကို သောကြာ သားသမီးတစ်
ယောက်ကိုပေးပါ-သို့ မဟုတ် သစ်သီးဆွမ်း အိမ်ကဘုရားမှာကပ်၊သပြေပန်းလှူ။ သို့မဟုတ်
တန်ခိုးကြီးစေတီတစ်ဆူဆူ၏ သောကြာဒေါင့်မှာ လှူပါ။
(1) တနင်္ဂနွေသားသမီးများ- အလုပ်အကိုင် စီးပွား အောင်မြင်တိုးတက်လိုလျှင် မွေးနေ့
မှာ- အညွန့် နံဖြစ်သော ကော်ချင်းတစ်လုံးကို တနင်္လာသားသမီး တစ်ယောက်ယောက်အား
လက်ဆောင်ပေးပါ၊ သို့မဟုတ် ကြာဇံကြော် ခေါက်ဆွဲကြော်နှင့် အိမ်ကဘုရားမှာကပ်၊ ကန့်
ကော်(၉)ညွန့် လှူ၊သိုမဟုတ် တန်ခိုးကြီးစေတီတစ်ဆူဆူ၏ တနင်္လာဒေါင့်မှာလှူ ဆုတောင်း။
* အကြောင်းကိစ္စ ရှိ၍သွားပါက မည်သည့်နေ့ မဆို ကန့်ကော်(၁)ညွန့်ဆောင်သွား။
(2) တနင်္လာသားသမီးများ- မွေးနေ့ မှာ ဆန်-ဆီ ဆား တစ်ခုခု အင်္ဂါသားသမီးတစ်ဦးဦး
ကို ပေးပါ၊ သို့မဟုတ် ဇီးယိုနှင့် ဆွမ်းတစ်ပွဲ အိမ်ကဘုရာဒမှာလှူ။ ဇော်စိမ်း(၉)ညွန့် လှူပါ၊
သိုမဟုတ် တန်ခိုးကြီးစေတိတစ်ဆူဆူ၏ အင်္ဂါဒေါင့်မှာ လှူဆုတောင်း။
* အကြောင်းကိစ္စ ရှိ၍သွားပါက မည်သည့်နေ့ မဆို ဇီးတစ်ညွန့်ဆောင်သွား။
(3) အင်္ဂါသားသမီးများ- မွေးနေ့ မှာ ရေသန့် ဗူးတစ်ဗူး ဗုဒ္ဓဟူးသားသမီးတစ်ဦးဦးအား
ပေးပါ၊ သို့ မဟုတ် အိမ်ကဘုရားမှာ ရှောက်ယိုနှင့် ဆွမ်းကပ်၊ရွက်လှ(၉)ညွန့် လှူ၊သို့မဟုတ်
တန်ခိုးကြီးစေတီတစ်ဆူဆူ၏ ဗုဒ္ဓဟူးဒေါင့်မှာ လှူ ဆုတောင်း။
* အကြောင်းကိစ္စ ရှိ၍သွားပါက မည်သည့်နေ့ မဆို ရွက်လှသားကို (၄)လက္မဖြတ်
ဆောင်သွားပါ။
(4) ဗုဒ္ဓဟူးသားသမီးများ-- မွေးနေ့ မှာ ပေါင်မုန့်  တစ်ထုပ် ကြာသာပတေး သားသမီး
တစ်ယောက်ယောက်ကို ပေးပါ၊သို့မဟုတ် အိမ်ကဘုရားမှာ ပဲပြုတ်နှင့် ဆွမ်းကပ်၊မေမြို့ပန်း
(၉)ပွင့်လှူပါ။ သို့မဟုတ် တန်ခိုးကြီးစေတီတစ်ဆူဆူ ကြာသာပတေးဒေါင့်မှာ လှူပါ။
* အကြောင်းကိစ္စ ရှိ၍သွားပါက မည်သည့်နေ့ မဆို မေမြိုပန်းတစ်ပွင့်ဆောင်သွား။
(5) ကြာသာပတေးသားမီးများ- မွေးနေ့ မှာ သစ်သီးတစ်မျိုးမျိုး သောကြာသားသမီးကို
ပေးပါ။ သို့မဟုတ် အိမ်ကဘုရားမှာ သစ်သီးဆွမ်းကပ်၊ သပြေ(၉)ညွန့် လှူ၊ သို့ မဟုတ် တန်
ခိုးကြီးစေတီတစ်ဆူဆူ သောကြာဒေါင့်မှာ လှူ ဆုတောင်း။
* အကြောင်းကိစ္စ ရှိ၍သွားပါက မည်သည့်နေ့ မဆို သပြေတစ်ညန့်ဆောင်သွား။
(6) သောကြာသားသမီးများ- မွေးနေ့ မှာ ထီး ဖိနပ် တစ်ခုခု စနေသားသမီး တစ်ဦးဦး
အား ပေးပါ။ သို့မဟုတ် အိမ်ကဘုရားမှာ ဆွမ်းကို နို့ဆီဆမ်းကပ်၊ နှင်ဆီ ပန်းရောင်(၇)ပွင့်
လှူပါ၊ သို့မဟုတ် တန်ခိုးကြီးစေတီတစ်ဆူဆူ စနေဒေါင့်မှာ လှူဆုတောင်း။
* အကြောင်းကိစ္စ ရှိ၍သွားပါက မည်သည့်နေ့ မဆို နှင်းဆိ (၁)ပွင့်ဆောင်သွား။
(7) စနေသားသမီးများ-မွေးနေ့ မှာ အိုးသော်၎င်း အိတ်သော်၎င်း တနင်္ဂနွေသားသမီး
တစ်ယောက်ယောက်ကို ပေးပါ၊ သို့ မဟုတ် အိမ်ကဘုရားမှာ အုန်းထမင်းလှူ၊ အုန်းညွန့် 
သို့မဟုတ် အင်ကြင်းပန်း (၆)ပွင့်လှူပါ၊ သို့မဟုတ် တန်ခိုးကြီးစေတီ တစ်ဆူဆူ တနင်္ဂနွေ
ဒေါင့်မှာ လှူ ဆုတောင်း။
* အကြောင်းကိစ္စ ရှိ၍သွားပါက မည်သည့်နေ့ မဆို အုန်းတစ်ညွန့် (၆)လက္မဖြတ်
ဆောင်သွား။
မှတ်ချက်-- ပုတီးစိပ်လိုပါက-ဂုဏ်တော်တစ်ပါးပါးကို
တနင်္ဂနွေ သားသမီးကား
(၂)ပတ်။
တနင်္လာသားသမီးကား
(၃)ပတ်၊ အင်္ဂါသား သမီးကား
(၄)ပတ်၊ ဗုဒ္ဓဟူးသား သမီးကား
(၅)
ပတ်၊ ကြာသာပတေး သားသမီးကား
(၆)ပတ်၊ သောကြာသား သမီးကား
(၇)ပတ်၊ စနေ
သားသမီးကား
(၁)ပတ်စိပ်ပါ။
* ကျမ္မာစေမှု့  တြိ-စတု-ဆိုသည့်အတိုင်း မည်သည့်နေ့ သားသမီးမဆို
ကျမ္မာရေး မကောင်းတဲ့အခါဖြစ်စေ၊ဇာတာညံ့တဲ့အခါဖြစ်စေအပေါ်ဇယားမှာရှိတဲ့တြိရန်း
စတုရန်းဂြိုဟ်အညွန့် များနဲ့  ဓာတ်ယတြာချေရပါမည်။
* ဥပမာ--တနင်္ဂနွေသားသမီးများ--မွေးနေ့ ညတွင် တြိရန်းနံဖြစ်သည့် ဇီး(၃)ညွန့် 
စတုရန်းနံဖြစ်တဲ့ ၀ါး (၄)ညွန့်  သို့ မဟုတ် လဲ(၄)ညွန့်  အိပ်ရာဖျာအောက်မှာ အညွန့် 
များကို ခြေရင်းဘက် လှည့်ပြီး (ဇောက်ထိုးထား)၍ အ၀တ်ဟောင်း တစ်စုံဝတ်အိပ်ပါ၊
နောက်တစ်နေ့  မိုးလင်းသည့်အခါ ညက၀တ်အိပ်သော အ၀တ်ဟောင်းနှင့် အိပ်ရာ
အောက်က အညွန့် များကို ထုပ်၍ မိမိထက်ငယ်သောသူ တစ်ယောက်ယောက်က
၎င်းပစ္စည်းများကို အိမ် ခြံအပြင် တောင်ဘက်အရပ်ကို (တနင်္ဂနွေ သားသမီး၌ မကေါင်း
သော အညံ့ဟူသမျှ ကင်းစင်လွင့်ပျောက်ပါစေ)ဟု ပြောစွန့် ပါ၊ ကာယကံရှင် ကိုယ်၌က
လဲ ၄င်းအတိုင်းပြောဆို ဆုတောင်းပါ။
* ကျန်နေ့ သားသမီးများ အထက်ကဇယားတွင် ဖေါ်ပြထားတဲ့ အညွန့် များနှင့်
တနင်္ဂနွေသားသမီးအတိုင်း နည်းမှီ၍ ယတြာချေပါ၊ စွန့် ရမည့် အရပ်သာထူးပါသည်။
တနင်္လာသားသမီးများက----- အနောက်တောင်ဒေါင့်အရပ်ကိုစွန့် ။
အင်္ဂါသားသမီးများက ----- အနောက်အရပ်ကိုစွန့် ပါ။
ဗုဒ္ဓဟူးသားသမီးများက ----- အနောက်မြောက်ဒေါင့်အရပ်ကိုစွန့် ပါ။
စနေသားသမီးများက ----- မြောက်အရပ်ကိုစွန့် ပါ။
ကြာသါပတေးသါးသမီးများက-အရှေ့မြောက်ဒေါင့်အရပ်ကိုစွန့် ပါ။
ရာဟုသားသမီးများက ------အရှေ့အရပ်ကိုစွန့် ပါ။
သေါကြာသားသမီးများက ----အရှေ့တောင်ဒေါင့်အရပ်ကိုစွန့် ပါ။
* မည်သည့်နေ့ သားသမီးမဆို အကြောင်းကြောင်းကြောင့် အိမ်ကထွက်သွားသော်၎င်း၊
အချုပ်အနှောင်ခံရသော်၎င်း၊ တြိရန်း-စတုရန်းဖြင့် အောက်ပါအတိုင်း ဓာတ်ယတြာချေပါ။
* ဥပမာ- တနင်္ဂနွေသားသမီးတစ်ဦးဦး အိမ်ကထွက်သွားပါက ၄င်း၏ တြိရန်းနံ ဇော်စိမ်း
(၃)ညွန့် ၊၀ါး-သို့မဟုတ် ရွက်လှ(၄)ညွန့် ၊တစ်ညွန့်တစ်ရွက်မှာ နာမည်ပြောင်းပြန်ရေး ဥပမာ
မောင်သန့် ဇင်ကျော် ဆိုရင်
(မောင်ကျော်ဇင်သန့် )မနှင်းဧကရီ ဆိုရင်
(မရီဧနှင်း)ဟု ရေး၍
၎င်း(၇)ညွန့် ကိုပူး-အပ်ချည်ကြိုးနှင့်(၆)ခါပတ်ချည်ပြီး အိမ်ရှေ့ အပေါက်ဝ၊အိမ်ရှေ့မျက်နှာစာ
လေတိုက်မည့်နေရာ၌
(တနင်္ဂနွေနေ့-နံနက်-၉နာရီမှ ၁၀း၃၀)အတွင်း၌၄င်း၊
(၃နာရီမှ-၄း၃၀)
အတွင်း၌၄င်း၊ သို့ မဟုတ်
အင်္ဂါနေ့ ဆိုရင်
(နံနက်-၆နာရီမှ ၇း၃၀) အတွင်း ၌၄င်း၊ နံနက်
(၁၀း၃၀မှ ၁၂နာရီ) အတွင်း၌၄င်း၊
ဗုဒ္ဓဟူးနေ့ ဆိုရင်
(နံနက် ၆နာရီမှ ၇း၃၀) အတွင်း၌၄င်း၊
နေ့လယ်
(၁၂-နာရီမှ ၁း၃၀) အတွင်း၌၄င်း၊ အမြန်ပြန်လာ၊ အမြန်သတင်းကြားလို့ ပြော၊ (အချုပ်အနှောင်ခံရလျှင် အမြန်လွတ်ပါစေ)ဟုပြော ပြီး ဇောက်ထိုးချိတ်ဆွဲထား။
ကျန်နေ့ သားသမီးများ အောက်ပါဇယားကိုကြည့်၍ ဆောင်ရွက်ပါ။
* စောလှ-လှေဆန်၊ ရှေ့နောက်ပြန်၊ သစ်-နံ-မြို့-ပြည်ရွာ၊
နေမှားချေက သူရဇ္ဇ-သောကမီးပမာ-ဟု။
အတုလဆရာတော်ဘုရားက မိန့်ကြားခဲ့ဘူးပါတယ်၊ ဒါ့ကြောင့် တြိရန်းကို စတုရန်း
အုပ်၍ စတုရန်းကိုလဲ တြိရန်းအုပ်၍ ယတြာ-အဆောင် ဓာတ်ရိုက်-ဓာတ်ဆင် မလုပ်ရပါ။
၎င်းတြိရန်း စတုရန်းအပြန်အလှန်အုပ်ထားသော မြို့-ရွာ-ရပ်ကွက်စသည်မှာလဲ ကြာရှည်
မနေသင့်ပါ၊
* တြိ-စတု ဓာတ်ပြုအပြန် ရှောင်သင့်ရန် *
ဥပမာ- တနင်္ဂနွေသားသမီးတစ်ဦးဦးသည်- အဆောင်ယတြာအနေနဲ့ တြိရန်းနံပေါ်
စတုရန်းအုထားသည့်( ဇလပ်-စောင်းလျား-ဇီဇ၀ါ-) စတုရန်းကို-တြိရန်းအုပ်ထားသည့်
(လင်ဇီး-လက်ဆက်သား)စသည်တို့ကို အဆောင်ယတြာမလုပ်ပါနှင့်၊ * မြို-ရွာ-များမှာ
ဇလွန်မြို့-စလင်းမြို့များ၊ ညောင်ဝိုင်း၊ လှဲဆိပ်-လှေဆိပ်အရပ် ဒေသ စသည်မှာကြာရှည်
မနေသင့်ပါ။ ထိုနည်းအတူ ကုမ္ပဏီနာမည်-ဆိုင်နာမည်-လူနာမည်များလဲမပေးသင့်ပါ။
ကျန်နေ့ သားသမီးများ အောက်ပါဇယားအတိုင်းကြည့်၍ လေ့လာပါ။