Monday, September 23, 2013

စေတီတွေမှာ ဂြိုဟ်(၈)ခွင်ဘာ့ကြောင့်ထည့်ရသလဲ၊

 ရွှေစက်တော်ခြေတော်ရာသည် ဘယ်စေတီထဲပါသလဲ

   စေတီတွေမှာဂြိုဟ်(၈)ခွင် ဘာ့ကြောင့်ထည့်ရသလဲ

*နေမင်းပရိတ်လမင်းပရိတ်ခေါ်ကံပွင့်လာဘ်ပွင့်အောင်သိဒ္ဓိဆရာတော်၏
    ဓမ္မစာစဉ်မှ---
* ဒေ၀တာမန်း၏ ရွှေစက်တော်က ခြေတော်ရာသည် စေတီ(၄)မျိုးတွင်
ပါမပါ၊စေတီပုံစံသတ်မှတ်ချက်ရှိမရှိ-မူလစေတီများတွင်ဂြိုဟ်(၈)ခွင်ပါမပါ၊
မေးခွန်းနှင့်၊   မမေဦးခင်မေးထားတဲ့  စေတီတွေမှာ ထားတဲ့ ဂြိုဟ်(၈)ခွင်
သည် နေ့နံစဉ်အလိုက်မဟုတ်ပဲ  ဘယ်လိုကြောင့် ထားပါလဲဆိုတဲ့ မေးခွန်း
နှစ်ဦးလုံးရဲ့မေးခွန်းသည်  ဆက်စပ်လျှက်ရှိသည့်အတွက် ပေါင်း၍ဖြေပေး
လိုက်ပါသည်။
*ရွှေစက်တော်က အထက်စက်တော်-အောက်စက်တော်ခြေတော်ရာသည်
ဗုဒ္ဓဘာသာတိုင်း စိတ်ဝင်တစား သွားရောက်ဖူးမြှော်တဲ့  ဘုရားပါပဲ၊ဓာတု-
ဓမ္မဥဒိဿက-ပရိဘောဂဟု စေတီ(၄)မျိုးရာတွင်-ဋ္ဌာနဂါရ၀ ပ၀တ္တိယာတိ
တဿဒီဃာဝါပိ--ပ-ပရိဘောဂ စေတိယဋ္ဌာန မကာသိ။(မဟာဝံသဋီကာ)
ကိုထောက်၍ ထိုခြေတော်ရာခေါ်(ပဒစေတီ)သည် ပရိဘောဂ-စေတီထဲမှာ
ပါသည်ဟု ဆုံးဖြတ်ကြပါသည်။
*မှတ်ချက်။ မြတ်စွာဘုရားခြေတော်ရာသည် ဘုရားရှင်က ထင်စေဟုဆိုမှ
ခြေတော်ရာတင်ပါသည်၊သို့မဟုတ်လျှင်-မည့်သည့်အခါမှမထင်ပါ။ ထိုခြေ
တော်ရာသည်(၁၀၈)ကွက် စက်လက္ခဏာနှင့်  ပြည့်စုံလို့  ခြေတော်ရာဟု
ဗုဒ္ဓဘာသာများက မခေါ်ပဲ-စက်တော်ရာဟု လေးစားကြည်ညိုသောအား
ဖြင့်ခေါ်ဆိုကြပါသည်။
*စေတီတည်ထားကြတဲ့အခါ ဘယ်လိုဘယ်ပုံစံ တည်ရမယ်လို့ ကျမ်းဂန်
အထောက်အထားတော့ ရှာမတွေ့ ပါဘူး၊ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံ
တိုင်းမှာ-စေတီတွေပုံစံအမျိုးမျိုးနဲ့တည်ထားကြသလို မြန်မာပြည်မှာလဲ
ပုံစံအမျိုးမျိုးနဲ့ တည်ထားကြပါတယ်၊သို့သော်လဲ သူ့ နိုင်ငံ သူ့ ဟန်ပန်နဲ့ 
သူ့ ယဉ်ကျေးမှု့  အနုပညာနဲ့  တည်ထားကြပါတယ်၊ ခေတ်စနစ်ပြောင်း
လဲလာသလို့ ပန်းချီ ပန်းပုပညာရပ်တွေတိုးတက်လာကြတော့ စေတီပုံစံ
တွေလဲ အဆင့်ဆင့်ပြောင်းလဲလာပါတယ်၊ ခုနောက်ပိုင်း-မြန်မာပြည်မှာ
တော့ ဗိသုကာပညာသဘောအရ စေတီများကိုသွယ်သွယ်လျှလျှ အချိုး
အဆစ်ကျကျ တည်ကြပါတယ်- ဒါလဲ အလွန်သဘာဝကျ ဖူးမြင်ရသူတို့ 
ပိုပြီးကြည်နူးစေတာပေါ့၊Proportionလို့ ခေါ်တဲ့ အချိုးကျမှု့ ဟာ အရာ
ရာမှာ အရေးကြီးပါတယ်၊ဟင်းချက်တာတောင် အချိုးညီမှ စားကောင်း
ပါတယ်၊ ဒါ့ကြောင့် အချိုးညီအောင်-  စေတီတစ်ဆူတည်ရင်- အုဋ္ဌ်မြစ်၊
ဘိနပ်တော်၊ပန်းတင်ခုံ၊ပထမပစ္စယံ၊ဒု-တ-ပစ္စယံ၊ကြာမှောက်၊ဖေါင်းရစ်၊
ကြာခံ၊ခေါင်းလောင်း၊ဖေါင်းရစ်၊ သပိတ်မှောက်၊ဖေါင်းရစ်များ၊ကြာနုပ်၊
ရွဲလုံး၊ကြာလှန်၊ ငှက်ပြောဖူး၊ ထီးတော် ဆိုပြီး မြန်မာ့ဗိသုကာပညာရပ်
အချိုးအစားနှင့် အညီတည်ကြပါတယ်။ စေတီများ  အဆင့်ဆင့်ပြောင်း
လာပုံကို ဗဟုသုတအဖြစ် စွယ်စုံကျမ်းလာပုံများနှင့် ဖေါ်ပြပေးလိုက်ပါ
သည်။

 * ဂြိုဟ်ခွင် ပါမပါဆိုတာ-မူလစေတီများကို ကြည့်ခြင်းအားဖြင့် သိနိုင်
ပါသည်။
* ဂြိုဟ်ရှစ်ခွင်ဆိုတာ နောက်ပိုင်းမှပေါ်လာတာပါ၊မုခ်ဦးလေးတွေလုပ်
ပြီး၊ဘုရားဆင်းတုထည့် ကိုးကွယ်မှုစတာကါး သိရိဓမ္မာသောကမင်းကြီး
နတ်ရွာစံပြီးနောက်ပိုင်းမှာ ကိုးကွယ်မှု့  စလာတယ်လို့သိရပါတယ်။
* ဂြိုဟ်(၈)ခွင်ထည့်တယ်ဆိုတာက လောကဓာတ်ပညာအရ(ဗေဒင်)
ဓာတ်အရလည်းကောင်း၊ လူတွေရဲ့ စွဲလမ်းတတ်တဲ့သဘာဝအရလည်း
ကောင်း၊ တနည်း- ဘုရားပွင့်လာတယ်ဆိုတာ သတ္တ၀ါတတွေရဲ့ အကျိုး
စီးပွားရဖို့  မှီခိုအားထားဖို့ ဆိုတော့ ဂြိုဟ်ကြီး(၉)လုံးမှာ ကိတ်ဂြိုဟ်ကို
ဘုရားဂြိုဟ်အနေနဲ့ အလယ်မှာထားပြီး၊ဗုဒ္ဓဟူးနေ့ ၊နေ့ (၁၂)ရီနောက်
ပိုင်း (ရာဟု)သားသမီးလို့ ခွဲကာ-(၈)ရက်သားသမီးများ ဘုရားကို မှိခို
အားထားတဲ့အနေနဲ့  စေတီရဲ့ဘေးနားမှာ ထားပေးထားပါတယ်၊ဘုရား
ရောက်တဲ့အခါ မည်သူမဆို  ကိုယ့်မွေးနေ့ ဒေါင့်ကလေးရှာပြီး ရှိခိုးရမှ
စိတ်ပိုပြီးကြည်နူးတယ် စေတနာသဒ္ဓါပိုပြီးတိုးပွား- ကျေနပ်မိကြတယ်၊
ဒါ့ကြောင့်ဂြိုဟ်(၈)ခွင်ထားပေးခြင်းဖြစ်တယ်။
* ဂြိုဟ်(၈)ခွင် နေ့နံ အစဉ်လိုက်မဟုတ်တာကား- အရပ်မျက်နှာနဲ့  ခွဲ
ပြီးထားတာဖြစ်တယ်၊ ဥပမာ နေဂြိုဟ်လို့ ခေါ်တဲ့ တနင်္ဂနွေဂြိုဟ်သည်
ကမ္ဘာဦးအစ အရှေ့မြောင့်ဒေါင့်က ဦးစွာပေါ်လာတယ်၊ မရှေးမနှောင်း
မှာ-အရှေ့တောင်က-အင်္ဂါ-အနောက်တောင်ဒေါင့်က-စနေ-အနောက်
မြောင့်ဒေါင့်က-ရာဟု၊ဒါကို-ဗေဒင်အရ-ဒေါင့်ကြတဲ့အရပ်ဖြစ်လို့ (ပါပ)
နောက်မကြာခင်မှာ-လ-ခေါ် တနင်္လာဂြိုဟ် အရှေ့အရပ်က ထွက်လာ
တယ်၊  မရှေးမနှောင်းမှာပဲ  တောင်အရပ်က-ဗုဒ္ဓဟူးဂြိုဟ်၊ အနောက်
အရပ်က-ကြာသာပတေးဂြိုဟ်၊  မြောက်အရပ်က-သောကြာဂြိုဟ်(၄)
လုံး ပေါ်လာတယ်၊  ပွင့်လင်းမြင်သာတဲ့  (တုရူ)အရပ်မှာ  စိုးမီုးကြလို့ 
သူတို့ ကို(သောမ) ဂြိုဟ်လို့ သတ်မှတ်တယ်၊ ဒါ့ကြောင့်-စေတီတွေမှာ
သူ့ အရပ်နှင့်သူ  စီုးမိုးတဲ့ ဂြိုဟ်များကိုလိုက်ပြီး   ဂြိုဟ်(၈)လုံးထားတဲ့
အတွက်(၈)ရက်သားသမီးအစဉ်မကျဖြစ်နေတာပါ။
*   တနည်း-- -ပထ၀ီ-တေဇော-အာပေါ-၀ါယော ဓာတ်သဘောအရ
ပြောရလျှင် ပါပဓာတ်ခြင်း၊  သောမ-ဓာတ်ခြင်း  မျက်နှာချင်းဆိုင်နေ
ရမယ်၊ဗေဒင်အရ- ပထ၀ီကား-ဂဗ္ဘေ သောမ(မြေ)ဓာတ်  (နေ့ နံအရ
တနင်္လာနဲ့ကြာသာပတေး)စေတိမှာလေ့လာကြည့်လိုက် သူတို့ကို မျက်
နှာချင်းဆိုင်ထားတယ်၊   အာပေါကား-၀ံသေ သေါမ(ရေ)ဓာတ်(နေ့နံ
အရ- ဗုဒ္ဓဟူးနှင့်  သောကြာ)   တေဇောကား အန္တော ပါပ (မီး)ဓာတ်
(နေ့နံအရ-တနင်္ဂနွေနှင့် စနေ)  ၀ါယောကား စရေ ပါပ (လေ)ဓာတ်
(နေ့နံအရ အင်္ဂါနှင့် ရာဟု) အဲဒီလို  ဓာတ်သဘောအရလဲ ကိုက်ညီရန်
လောကဓာတ် ပညာအရ တွဲထားလို့    နေ့နံအစဉ်လိုက် မဖြစ်တာပါ။
(သူရိယသိဒ္ဓံကျမ်း-ဗေဒ-ဓာတုလောကိကျမ်း)များမှီ၍ဖြေဆိုပေးလိုက်
ပါသည်။

No comments:

Post a Comment