Monday, February 17, 2020

ဖြစ်ချင်တာတွေမဖြစ်ဘဲ မဖြစ်ချင်တာတွေဖြစ်နေသလား

တိုတောင်းလှတဲ့ ဘဝ၊ အတိုင်းအတာတစ်ခုနဲ့ နေရတဲ့ ဘဝလေးမှာ လူတိုင်းကတော့ ကြီးပွား
ချမ်းသာချင်တယ် ချမ်းသာဖို့ကြိုးစားကြတယ် ကြိုးစားသလောက် ဖြစ်မလာသူတွေ ဖြစ်လာပြန်
တော့ လဲ သားရေးသမီးရေး အိမ်ထောင်ရေး ကျမ္မာရေး စတဲ့အရေးတွေနဲ့ အစဉ်မပြေ ဆိုးကျိုးတွေ
ပေးလို့ ရင်လေးနေသူတွေအတွက် အားလုံးအစဉ်ပြေစေရန် အောက်ပါအတိုင်းလုပ်လိုက်ပါ။

(၁) တနင်္ဂနွေသားသမီးများ မွေးနေ့ အိမ်ကဘုရားမှာ နံက်  ၆ နာရီမှ ၇နာရီခွဲအတွင်း မေမြို့ပန်းအဖြူ ၅ပွင့် ဖရောင်းတိုင် ၅တိုင် အမွှေးတိုင် ၅ တိုင်လှူပြီး အောက်ပါ ဂါထာကို (၇)ခေါက်ရွတ်ပါ။ဆုတောင်း
(၂) တနင်္လာသားသမီးများ ည ၇ခွဲမှ ၈ နာရီအတွင်း သပြေပန်း (၆)ညွန့် ဖရောင်းတိုင် (၆) အမွှေး
တိုင် (၆)တိုင်အိမ်ကဘုရားမှာလှူပြီး အောက်ပါ ဂါထာကို (၉)ခေါက်ရွတ် ဆုတောင်းပါ။
(၃) အင်္ဂါသားသမီးများ နံနက် ၇နာရီခွဲမှ ၉နာရီအတွင်း ပန်းရောင်နှင်းဆီ(၅)ပွင့်၊ဖရောင်းတိုင်(၃)တိုင်
အမွှေးတိုင် (၃)တိုင်လှူ အောက်ပါဂါထာကို (၆)ခေါက်ရွတ်ဆုတောင်း။
(၄) ဗုဒ္ဓဟူးသားသမီးများ  မွေးနေ့ နံနက် (၆ နာရီမှ (၇)နာရီအတွင်း အုန်းဖူး သို့မဟုတ် အုန်း(၇) ဖရောင်းတိုင်(၇)တိုင် အမွှေးတိုင်(၇)တိုင်လှူဆုတောင်း အောက်ပါဂါထာကို (၇)ခေါက်ရွတ် ဆုတောင်း။
မှတ်ချက် ။ ဗုဒ္ဓဟူးနေ့ မွန်းတည့် ၁၂နာရီကျော်မှ ည ၁၂နာရီအတွင်း မွေးတဲ့ ရာဟုသားသမီးများက
ခရေ (၇)ညွန့် ကျန်တာ ဗုဒ္ဓဟူးအတိုင်းလုပ်ပါ။
(၅) ကြာသာပတေးသားသမီးများ ည(၉)နာရီမှာ ကံ့ကော် (၉)ညွန့် ဖရောင်းတိုင် (၅)တိုင် အမွှေးတိုင်(၅)တိုင် အိမ်ကဘုရားမှာ လှူ  အောက်ပါဂါထာကို (၉)ခေါက်ရွတ် ဆုတောင်း။
(၆)  သောကြာသားသမီးများ မွေးနေ့ (၇:၃၀)အချိန် ဇော်စိမ်း သို့မဟုတ် စစ်စပန်း (၃) ဖရောင်းတိုင် (၃) အမွှေးတိုင် (၇)တိုင် အိမ်ကဘုရားမှာလှူ ဆုတောင်း။
(၇) စနေသားသမီးများ မွေးနေ့ နံနက် (၆:၃၀) အချိန် ရွက်လှ (၄)ညွန့် ဖရာင်း(၇) အမွှေး(၇) အိမ်က
ဘုရားမှာလှူ ဆုတောင်း။
        မွေးနေ့ကစပြီး (၇)ရက်အဓိဌာန်လုပ်ပါ ထူးခြားမှု ရှိလာမည်

ဘေးရန်ကင်းကွာ စိတ်ချမ်းသာ လိုရာ ဆန္ဒြပြည့်ပါစေ၊
    နေလသိဒ္ဓိ အောင်သိဒ္ဓိဆရာတော်

                စိန္တာမဏိ ရတနာနိ၊   ဗုဒ္ဓံ ဗုဒ္ဓရတနာနံ
                 ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိစ္ဇျတု။



Sunday, February 21, 2016

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဟောပြောပွဲ


 ဘာသာရဲ့ တန်ဖိုး အရောင်မဆိုးကြပါနှင့် ဆိုတဲ့ ခေါင်းစဉ်နှင့်ဟောပြောသွားတဲ့ ရန်ကုန်တိုင်း

(မဘသ)ဒုဥက္ကဌအောင်သိဒ္ဓိဆရာတော်ဟောပြောပွဲကောက်နုတ်ချက်။

Saturday, February 20, 2016

အစွမ်းထက်သည့် ဧ၀ံအစိန္တိယာဂါထာ

                       အစွမ်းထက်သည့် ဧ၀ံအစိန္တိယာဂါထာ
သင်၏ စီးပွားရေုး အလုပ်အကိုင်-ရာထူးဌာနန္တရ-ပညာရေးစတဲ့ စိတ်ကူးအကြံအစည်မှန်
သမျှအောင်မြင်ချင်တယ်ဆိုလျှင် ဒီဂါထာကို နေ့စဉ်အဓိဌာန်ဖြင့်(၉)ခေါက်ရွတ်ပါ။
      သီဟိုဠ်ကျွန်း(နိုင်ငံ)ကား ဒေ၀ါနံပိယ တိဿမင်းကြီးအမြဲရွတ်ဖတ်သည့် အစွမ်းထက်
သည်ဂါထာများကို ဘုန်းကြီးတို့ကိုယ်တိုင်နေ့စဉ်ရွတ်ဖတ်သဖြင့်လက်တွေ့အောင့်တဲ့ဂါထာ
ဖြစ်သလို အနှောက်အယှက်အတိုက်ခံ ဇုန်း-တစ္ဆေစတဲ့ ပယောဂများကိုလည်း နိုင်ပါသည်။
လက်တွေ့ ယုံကြည်စွာဖြင့် ကျင့်ကြည့်ပါ

Monday, September 23, 2013

စေတီတွေမှာ ဂြိုဟ်(၈)ခွင်ဘာ့ကြောင့်ထည့်ရသလဲ၊

 ရွှေစက်တော်ခြေတော်ရာသည် ဘယ်စေတီထဲပါသလဲ

   စေတီတွေမှာဂြိုဟ်(၈)ခွင် ဘာ့ကြောင့်ထည့်ရသလဲ

*နေမင်းပရိတ်လမင်းပရိတ်ခေါ်ကံပွင့်လာဘ်ပွင့်အောင်သိဒ္ဓိဆရာတော်၏
    ဓမ္မစာစဉ်မှ---
* ဒေ၀တာမန်း၏ ရွှေစက်တော်က ခြေတော်ရာသည် စေတီ(၄)မျိုးတွင်
ပါမပါ၊စေတီပုံစံသတ်မှတ်ချက်ရှိမရှိ-မူလစေတီများတွင်ဂြိုဟ်(၈)ခွင်ပါမပါ၊
မေးခွန်းနှင့်၊   မမေဦးခင်မေးထားတဲ့  စေတီတွေမှာ ထားတဲ့ ဂြိုဟ်(၈)ခွင်
သည် နေ့နံစဉ်အလိုက်မဟုတ်ပဲ  ဘယ်လိုကြောင့် ထားပါလဲဆိုတဲ့ မေးခွန်း
နှစ်ဦးလုံးရဲ့မေးခွန်းသည်  ဆက်စပ်လျှက်ရှိသည့်အတွက် ပေါင်း၍ဖြေပေး
လိုက်ပါသည်။
*ရွှေစက်တော်က အထက်စက်တော်-အောက်စက်တော်ခြေတော်ရာသည်
ဗုဒ္ဓဘာသာတိုင်း စိတ်ဝင်တစား သွားရောက်ဖူးမြှော်တဲ့  ဘုရားပါပဲ၊ဓာတု-
ဓမ္မဥဒိဿက-ပရိဘောဂဟု စေတီ(၄)မျိုးရာတွင်-ဋ္ဌာနဂါရ၀ ပ၀တ္တိယာတိ
တဿဒီဃာဝါပိ--ပ-ပရိဘောဂ စေတိယဋ္ဌာန မကာသိ။(မဟာဝံသဋီကာ)
ကိုထောက်၍ ထိုခြေတော်ရာခေါ်(ပဒစေတီ)သည် ပရိဘောဂ-စေတီထဲမှာ
ပါသည်ဟု ဆုံးဖြတ်ကြပါသည်။
*မှတ်ချက်။ မြတ်စွာဘုရားခြေတော်ရာသည် ဘုရားရှင်က ထင်စေဟုဆိုမှ
ခြေတော်ရာတင်ပါသည်၊သို့မဟုတ်လျှင်-မည့်သည့်အခါမှမထင်ပါ။ ထိုခြေ
တော်ရာသည်(၁၀၈)ကွက် စက်လက္ခဏာနှင့်  ပြည့်စုံလို့  ခြေတော်ရာဟု
ဗုဒ္ဓဘာသာများက မခေါ်ပဲ-စက်တော်ရာဟု လေးစားကြည်ညိုသောအား
ဖြင့်ခေါ်ဆိုကြပါသည်။
*စေတီတည်ထားကြတဲ့အခါ ဘယ်လိုဘယ်ပုံစံ တည်ရမယ်လို့ ကျမ်းဂန်
အထောက်အထားတော့ ရှာမတွေ့ ပါဘူး၊ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ နိုင်ငံ
တိုင်းမှာ-စေတီတွေပုံစံအမျိုးမျိုးနဲ့တည်ထားကြသလို မြန်မာပြည်မှာလဲ
ပုံစံအမျိုးမျိုးနဲ့ တည်ထားကြပါတယ်၊သို့သော်လဲ သူ့ နိုင်ငံ သူ့ ဟန်ပန်နဲ့ 
သူ့ ယဉ်ကျေးမှု့  အနုပညာနဲ့  တည်ထားကြပါတယ်၊ ခေတ်စနစ်ပြောင်း
လဲလာသလို့ ပန်းချီ ပန်းပုပညာရပ်တွေတိုးတက်လာကြတော့ စေတီပုံစံ
တွေလဲ အဆင့်ဆင့်ပြောင်းလဲလာပါတယ်၊ ခုနောက်ပိုင်း-မြန်မာပြည်မှာ
တော့ ဗိသုကာပညာသဘောအရ စေတီများကိုသွယ်သွယ်လျှလျှ အချိုး
အဆစ်ကျကျ တည်ကြပါတယ်- ဒါလဲ အလွန်သဘာဝကျ ဖူးမြင်ရသူတို့ 
ပိုပြီးကြည်နူးစေတာပေါ့၊Proportionလို့ ခေါ်တဲ့ အချိုးကျမှု့ ဟာ အရာ
ရာမှာ အရေးကြီးပါတယ်၊ဟင်းချက်တာတောင် အချိုးညီမှ စားကောင်း
ပါတယ်၊ ဒါ့ကြောင့် အချိုးညီအောင်-  စေတီတစ်ဆူတည်ရင်- အုဋ္ဌ်မြစ်၊
ဘိနပ်တော်၊ပန်းတင်ခုံ၊ပထမပစ္စယံ၊ဒု-တ-ပစ္စယံ၊ကြာမှောက်၊ဖေါင်းရစ်၊
ကြာခံ၊ခေါင်းလောင်း၊ဖေါင်းရစ်၊ သပိတ်မှောက်၊ဖေါင်းရစ်များ၊ကြာနုပ်၊
ရွဲလုံး၊ကြာလှန်၊ ငှက်ပြောဖူး၊ ထီးတော် ဆိုပြီး မြန်မာ့ဗိသုကာပညာရပ်
အချိုးအစားနှင့် အညီတည်ကြပါတယ်။ စေတီများ  အဆင့်ဆင့်ပြောင်း
လာပုံကို ဗဟုသုတအဖြစ် စွယ်စုံကျမ်းလာပုံများနှင့် ဖေါ်ပြပေးလိုက်ပါ
သည်။

 * ဂြိုဟ်ခွင် ပါမပါဆိုတာ-မူလစေတီများကို ကြည့်ခြင်းအားဖြင့် သိနိုင်
ပါသည်။
* ဂြိုဟ်ရှစ်ခွင်ဆိုတာ နောက်ပိုင်းမှပေါ်လာတာပါ၊မုခ်ဦးလေးတွေလုပ်
ပြီး၊ဘုရားဆင်းတုထည့် ကိုးကွယ်မှုစတာကါး သိရိဓမ္မာသောကမင်းကြီး
နတ်ရွာစံပြီးနောက်ပိုင်းမှာ ကိုးကွယ်မှု့  စလာတယ်လို့သိရပါတယ်။
* ဂြိုဟ်(၈)ခွင်ထည့်တယ်ဆိုတာက လောကဓာတ်ပညာအရ(ဗေဒင်)
ဓာတ်အရလည်းကောင်း၊ လူတွေရဲ့ စွဲလမ်းတတ်တဲ့သဘာဝအရလည်း
ကောင်း၊ တနည်း- ဘုရားပွင့်လာတယ်ဆိုတာ သတ္တ၀ါတတွေရဲ့ အကျိုး
စီးပွားရဖို့  မှီခိုအားထားဖို့ ဆိုတော့ ဂြိုဟ်ကြီး(၉)လုံးမှာ ကိတ်ဂြိုဟ်ကို
ဘုရားဂြိုဟ်အနေနဲ့ အလယ်မှာထားပြီး၊ဗုဒ္ဓဟူးနေ့ ၊နေ့ (၁၂)ရီနောက်
ပိုင်း (ရာဟု)သားသမီးလို့ ခွဲကာ-(၈)ရက်သားသမီးများ ဘုရားကို မှိခို
အားထားတဲ့အနေနဲ့  စေတီရဲ့ဘေးနားမှာ ထားပေးထားပါတယ်၊ဘုရား
ရောက်တဲ့အခါ မည်သူမဆို  ကိုယ့်မွေးနေ့ ဒေါင့်ကလေးရှာပြီး ရှိခိုးရမှ
စိတ်ပိုပြီးကြည်နူးတယ် စေတနာသဒ္ဓါပိုပြီးတိုးပွား- ကျေနပ်မိကြတယ်၊
ဒါ့ကြောင့်ဂြိုဟ်(၈)ခွင်ထားပေးခြင်းဖြစ်တယ်။
* ဂြိုဟ်(၈)ခွင် နေ့နံ အစဉ်လိုက်မဟုတ်တာကား- အရပ်မျက်နှာနဲ့  ခွဲ
ပြီးထားတာဖြစ်တယ်၊ ဥပမာ နေဂြိုဟ်လို့ ခေါ်တဲ့ တနင်္ဂနွေဂြိုဟ်သည်
ကမ္ဘာဦးအစ အရှေ့မြောင့်ဒေါင့်က ဦးစွာပေါ်လာတယ်၊ မရှေးမနှောင်း
မှာ-အရှေ့တောင်က-အင်္ဂါ-အနောက်တောင်ဒေါင့်က-စနေ-အနောက်
မြောင့်ဒေါင့်က-ရာဟု၊ဒါကို-ဗေဒင်အရ-ဒေါင့်ကြတဲ့အရပ်ဖြစ်လို့ (ပါပ)
နောက်မကြာခင်မှာ-လ-ခေါ် တနင်္လာဂြိုဟ် အရှေ့အရပ်က ထွက်လာ
တယ်၊  မရှေးမနှောင်းမှာပဲ  တောင်အရပ်က-ဗုဒ္ဓဟူးဂြိုဟ်၊ အနောက်
အရပ်က-ကြာသာပတေးဂြိုဟ်၊  မြောက်အရပ်က-သောကြာဂြိုဟ်(၄)
လုံး ပေါ်လာတယ်၊  ပွင့်လင်းမြင်သာတဲ့  (တုရူ)အရပ်မှာ  စိုးမီုးကြလို့ 
သူတို့ ကို(သောမ) ဂြိုဟ်လို့ သတ်မှတ်တယ်၊ ဒါ့ကြောင့်-စေတီတွေမှာ
သူ့ အရပ်နှင့်သူ  စီုးမိုးတဲ့ ဂြိုဟ်များကိုလိုက်ပြီး   ဂြိုဟ်(၈)လုံးထားတဲ့
အတွက်(၈)ရက်သားသမီးအစဉ်မကျဖြစ်နေတာပါ။
*   တနည်း-- -ပထ၀ီ-တေဇော-အာပေါ-၀ါယော ဓာတ်သဘောအရ
ပြောရလျှင် ပါပဓာတ်ခြင်း၊  သောမ-ဓာတ်ခြင်း  မျက်နှာချင်းဆိုင်နေ
ရမယ်၊ဗေဒင်အရ- ပထ၀ီကား-ဂဗ္ဘေ သောမ(မြေ)ဓာတ်  (နေ့ နံအရ
တနင်္လာနဲ့ကြာသာပတေး)စေတိမှာလေ့လာကြည့်လိုက် သူတို့ကို မျက်
နှာချင်းဆိုင်ထားတယ်၊   အာပေါကား-၀ံသေ သေါမ(ရေ)ဓာတ်(နေ့နံ
အရ- ဗုဒ္ဓဟူးနှင့်  သောကြာ)   တေဇောကား အန္တော ပါပ (မီး)ဓာတ်
(နေ့နံအရ-တနင်္ဂနွေနှင့် စနေ)  ၀ါယောကား စရေ ပါပ (လေ)ဓာတ်
(နေ့နံအရ အင်္ဂါနှင့် ရာဟု) အဲဒီလို  ဓာတ်သဘောအရလဲ ကိုက်ညီရန်
လောကဓာတ် ပညာအရ တွဲထားလို့    နေ့နံအစဉ်လိုက် မဖြစ်တာပါ။
(သူရိယသိဒ္ဓံကျမ်း-ဗေဒ-ဓာတုလောကိကျမ်း)များမှီ၍ဖြေဆိုပေးလိုက်
ပါသည်။

Friday, September 13, 2013

Maoo Khin-၏ သောတပန်စသည် ပုဂ္ဂိုလ်များ အဓိပ္ပါယ် အမေး--

      သောတပန်-သကဒါဂါမ်စသည်အဓိပ္ပါယ်

     Ma oo Khin ၏  သောတပန်(၃)မျိုးနှင့်  သကဒါဂါမ်-အနာဂါမ်-ရဟန္တာ
တို့၏ အဓိပ္ပါယ်ကို သိပါရစေဟု မေးထားတဲ့ မေးခွန်းကို ဖြေကြားပေလိုက်ပါ
တယ်။
 * (၁) သောတပန်ပုဂ္ဂိုလ်ဆိုတာ- ကိလေသာ(၁၀)ပါးထဲက ဒိဋ္ဌိ နှင့် ၀ိစိကိစ္ဆာ
(၂)ပါးပြုတ်တာကို ခေါ်တယ်၊၊ အဲဒီဒိဋ္ဌိဟာ-ကိလေသာဆယ်ပါးထဲမှာ ရုန့် ရင်း
အကြမ်းတမ်းဆုံးဖြစ်သလို   ဒိဋ္ဌိအပေါင်းတို့ရဲ့ ခေါင်းဆောင်-    ငါ-သူတစ်ပါး
ယောက်ျား-မိန်းမစသည်ဖြင့်စွဲနေတဲ့ (သက္ကာယဒိဋ္ဌိ)ရယ်၊ရတနာသုံးပါးအပေါ်
ယုံမှားမှု့၊အတိတ်ဘ၀-အနာဂတ်ဘ၀တွေကို ယုံမှားမှု့၊အကြောင်းအကျိုး ပဋိစ္စ
သမုတ်ပါတ်အပေါ်ယုံမှားတတ်တဲ့(၀ိစိကိစ္ဆာ) ဒီနှစ်ပါးကိုပယ်နိုင်တာပါပဲ။
     *သောတပန်ဖြစ်ပြီးသွားပြီဆိုရင်- မဖြစ်မီက အပါယ်ကျစေနိုင်တဲ့ အကု
သိုလ်တွေ ရှိနေရင်တောင်-အဒီအကုသိုလ်နဲ့  အပါယ်မကျနိုင်တော့ဘူး။
                             သောတပန်(၃)မျိုး
(၁) အလွန်ဆုံး(၇)ဘ၀ ပဋိသန္ဓေ နေရတဲ့  (သတ္တက္ခတ္တုပရမ) သောတပန်။
(၇)ဘ၀ ပဋိသန္ဓေ နေရတယ်ဆိုတာ- လူ့ပြည်တစ်ချို့ နတ်ပြည် တစ်ချို့ ရော
လျှက်ပဋိသန္ဓေ နေရပြီး၊(၆)ဘ၀မြောက်မှာ (သကဒါဂါမ်) သို့မဟုတ်(၇)ဘဝ
မြောက်မှာ သကဒါဂါန်-အနာဂါမ်-ရဟန္တာဖြစ်သွားပြီးနိဗ္ဗာန်ရောက်ကြတယ်။
(၂) နှစ်ဘ၀ သုံးဘ၀  သို့မဟုတ်  (၂) ဘ၀မှ  (၆)ဘ၀အတွင်း   သင့်သလို
လူ့ပြည်-နတ်ပြည် ရောပြီး ပဋိသန္ဓေ နေရတဲ့(ကောလံကောလသောတပန်)
* ထိုသောတပန်သည်- (၂)ဘ၀(၃)ဘ၀ သို့မဟုတ်အလွန်ဆုံး (၆)ဘ၀တွင်
   သကဒါဂါမ်-အနာဂါမ်-ရဟန္တာဖြစ်သွားတဲ့ သောတပန်ပုဂ္ဂိုလ်။
(၃)လူ့ပြည်မှာ(၁)ကြိမ်သာ ပဋိသန္ဓေ နေပြီး-သကဒါဂါမ် စသည်ဖြစ်သွားတဲ့
    ဧကဗီဇ-သောတပန်ပုဂ္ဂိုလ်။
*  ဘာ့ကြောင့်(၃)မျိုးကွဲရတာလဲဆိုတော့- သဒ္ဓါ-ပညာ-ဣနြေ္ဒ  စတဲ့ပါရမီ
ဓာတ်ခံ ညံ့တဲ့သူက(သတ္တက္ခတ္တုပရမ)သောတပန်။အလယ်အလတ်ရှိသူက
(ကောလံကောလသောတပန်)  ထက်မြက်တဲ့သူက -ဧကဗီဇ သောတပန်။

*(၂) သကဒါဂါမ်ပုဂ္ဂိုလ်ဆိုတာ-- ကာမရာဂခေါ်(တဏှာ-လောဘ)ဒေါသ
       မောဟ-တရားများနည်းပါးသွားပြီး (၁)ကြိမ်သာ ပဋိသန္ဓေ နေရတဲ့
      ပုဂ္ဂိုလ်ကိုခေါ်ပါတယ်။
                              * သကဒါဂါမ်(၆)မျိုး။
(၁) လူပြည်မှာ သကဒါဂါန်ဖြစ်ပြီး၊ဤလူ့ဘ၀မှပင်-ဘ၀မခြားပဲ အနာဂါမ်
     ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံသွားသူ။
(၂) ဤလူ့ဘ၀မှပင် သကဒါဂါမ်ဖြစ်ပြီး-သေသည့်အခါ နတ်ပြည်ရောက်
     ကာ- ထိုနတ်ပြည်၌ အနာဂါမ်-ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံသွားသူ။
(၃) ထိုနတ်ပြည်မှာသကဒါဂါမ်ဖြစ်ပြီး ထိုနတ်ပြည်မှာ အနာဂါမ်-ရဟန္တာ
     ဖြစ်၍ ပရိနိဗ္ဗာန်စံသွားသူ။
(၄) နတ်ပြည်မှာ သကဒါဂါမ်ဖြစ်ပြီး တစ်ဖန်လူ့ပြည်၌ ဖြစ်ကာ အနာဂါမ်
     ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်စံသွားသူ။
(၅) လူ့ပြည်မှာ သကဒါဂါန်ဖြစ်ပြီး သေသည့်အခါ နတ်ပြည်ရောက်၊ ထို
     နတ်ပြည်မှ တစ်ဖန်  လူ့ပြည်ရောက်ကာ အနာဂါမ်-  ရဟန္တာဖြစ်၍
     ပရိနိဗ္ဗာန်စံသွားသူ။
(၆) နတ်ပြည်မှာ-သကဒါဂါမ်ဖြစ်ပြီး သေသည့်အခါ  လူပြည်ရောက်၍
     ထိုလူ့ပြည်မှ တစ်ဖန်နတ်ပြည်ရောက်ကာ အနာဂါမ်- ရဟန္တာဖြစ်ပြီး
     ပရိနိဗ္ဗာန်စံသွားသူ။
* သကိဒေ၀ ဣမံ လောကံ ဟုဆိုထားသောကြောင့်၊ သကဒါဂါန်ဖြစ်ပြီး
   ဤလူ့ပြည်သို့ (၁)ကြိမ် ပဋိသန္ဓေ နေကာ   အနာဂါန်- ရဟန္တာဖြစ်ပြီး
   ပရိနိဗ္ဗာန်စံသွားသူကိုဆိုလိုပါတယ်။
(၃) အနာဂါမ်ပုဂ္ဂိုလ် ဆိုသည်မှာ-ကာမရာဂခေါ်(တဏှာ-လောဘ)နှင့်
ဒေါသ တရားများကို အကြွင်းမဲ့ ပယ်သတ်နိုင်တဲ့ ပုဂ္ဂိုလ်ကိုခေါ်ပါသည်။
ဤလူ့ပြည်မှာ  နောက်တစ်ဖန် ပဋိသန္ဓေမနေတော့ပဲ-   ရဟန္တာဖြစ်ပြီး
ပရိနိဗ္ဗာန်စံသည်၊   တစ်ချို့ကား- ရူပ-အရူပဘုံသို့ ပဋိသန္ဓေနေ ဗြဟ္မာ
ဘ၀ဖြင့် ပရိနိဗ္ဗာန်စံသည်။
(၄) ရဟန္တာ ပုဂ္ဂိုလ်ဆိုသည်မှာ- ကိလေသာ(၁၀)ပါးလုံး အကြွင်းမဲ့ ပယ်
သတ်ပြီးသော ပုဂ္ဂိုလ်ကိုခေါ်ပါသည်။ နောက်ထပ် ပဋိသန္ဓေ မနေတော့
ပဲ ထိုဘ၀မှာပင် ပရိနိဗ္ဗာန်စံသွားပါသည်။
 *သဂြိုဟ်ဘာသာဋီကာကျမ်း ပုဂ္ဂလဘေဒအဖွင့်ကို မှီငြမ်း၍ ဖြေဆိုပေး
    လိုက်ပါသည်။
စာသိမှ- ပညာသိဖြစ်ပြီး- ဘ၀ရဲ့လွတ်မြောက်မှုကို ရှာဖွေနိုင်ကြပါစေ။
  "ကံပွင့်လာဘ်ပွင့်-အောင်သိဒ္ဓိဆရာတော်-ဘဒ္ဒန္တသီလာစရ"

       သမ္ဗုဒ္ဓေ ဂါထာ အမေးအဖြေ၊

    * Ma yonwadi*၏ သမ္ဗုဒ္ဓေ ဂါထာအဓိပ္ပါယ်နှင့် ၄င်းဂါထာပါဘုရားများ
ထေရ၀ါဒဖြစ်မဖြစ်စသည်မေးခွန်းကို ပြန်လည်ဖြေကြားပေးလိုက်ပါတယ်။
       သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ၊ 
       ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာ မဟံ၊
       အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ၊
      တေသံ ဓမ္မဉ္စ္မ သံဃဉ္စ္မ၊ အာဒရေန နမာမဟံ၊
      နမက္ကာရာ နုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ၊
      အနေကာ အန္တရာယာပိ ၀ိနဿန္တု အသေသတော။
*အဓိပ္ပါယ်ကား--(၅)သိန်း(၁)သောင်း(၂)ထောင်(၂၈)ဆူပွင့်တော်မူကြကုန်
သော ဘုရားရှင် ကိုယ်တော်မြတ်တို့ကို ဘုရားတပည့်တော်သည်  ရိုသေစွာ
ရှိခိုးပူဇော်ပါ၏အရှင်ဘုရား။  ဂင်္ဂါဝါဠု သဲဆူမကပွင့်တော်မူကြတဲ့ ဘုရားရှင်
ကိုယ်တော်မြတ်တို့ကိုလည်းကောင်း၊ထိုဘုရားရှင်တို့ဟောကြားတော်မူသည့်
တရားတော်မြတ်ကိုလည်းကောင်း၊သံဃာတော်မြတ်ကိုလည်းကောင်း၊ရိုသေ
မြတ်နိုးလက်စုံမိုး၍ ရှိခိုးပါ၏အရှင်ဘုရား၊ဤသို့ရှိခိုးရသောကုသိုလ်စေတနာ
ကြောင့် ဘေးဥပဒ်အန္တရာယ် ရန်အသွယ်သွယ်တို့သည် အကြွင်းအကျန်မရှိ
ကင်းစင် လွင့်ပျောက်ပါစေသတည်း။
* ၄င်းဂါထာပါ (၅)သိန်း(၁)သောင်း(၂)ထောင်(၂၈)ဆူ ဘုရားများက ငါတို့
ကိုးကွယ်နေတဲ့ (ဂေါတမ) မြတ်စွာဘုရား ဘုရားဖြစ်ဖို့ရန် ဆုတောင်းစဉ်က
ပွင့်ခဲ့တဲ့ဘုရားများဖြစ်ပါတယ်။ 
          စိႏၲိတံ သတၱ သေခ်ၤယ်ံ၊ န၀-သေခ်ၤယ် ၀ါစကံ၊
          ကာယ၀ါစံ စတုခ်ာတံ၊ ဗုဒၶတၱံ သမုပါဂမိ။
(၁) ဘုရားဖြစ်ဖို့ ရန် စိတ်ထဲက ဆုတောင်းခဲ့တာကာ--- (၇)သင်္ချေ။
(၂)        ။           နုတ်ကဖွင့်ပြီးဆုတောင်းခဲ့တာကား-(၉)သင်္ချေ။ 
(၃)        ။      ကိုယ်ရော နုတ်ပါ ပါရမီဖြည့် ခဲ့တာကား(၄)သင်္ချေ။
                   စုစုပေါင်း(၂၀)သင်္ချေ။  

(၁) ၇-သင်္ချေမှာ- ဗြဟ္မဒေ၀-ဘုရားမှစ၍ ပွင့်သည့် ဘုရားပေါင်းမှာ
     (၁)သိန်း(၂)သောင်း(၅)ထောင်။
(၂) ၉-သင်္ချေမှာ-   ပေါရာဏ သကျ ဂေါတမ ဘုရားမှစ၍  ပွင့်သည့်
     ဘုရားပေါင်း-(၃)သိန်း(၈)သောင်း(၇)ထောင်(၇+၉=၁၆)သင်္ချေ
     မှာ (၅)သိန်း(၁)သောင်း(၂)ထောင်။
(၃) လေးသင်္ချေမှာ-တစှင်္ကရာဘုရားမှစ၍ နာရဒဘုရားအထိ(၁၂)ဆူ၊
    ကမ္ဘာ-(၁) သိန်းမှာ-ပဒုမုတ္တရ ဘုရားကစ၍ ဂေါတမဘုရားအထိ
   (၁၆)ဆူ၊ (၇+၉+၄=၂၀)သင်္ချေနှင့် ကမ္ဘာ(၁)သိန်းမှာ ဘုရားပေါင်း
   (၅)သိန်း(၁)သောင်း(၂)ထောင်(၂၈)ဆူဖြစ်ပါတယ်။
ထို့ အပြင် -ဂင်္ဂါဝါဠု သဲဆူမက ပွင့်တော်မူကြသည့် ဘုရားလည်းရှိသေး 
သည်ဟု ဤဂါထာကား ဆိုထားပါသည်။(သောတတ္ထကီကျမ်း)အလို။
    ဤသမ္ဗုဒ္ဓေ ဂါထာသည် ဘုရားဟောဂါထာမဟုတ်ပါ၊ သို့သော်လည်း
ရှေးဆရာအဆက်ဆက် ကျမ်းဂန်တတ် ဆရားမြတ်များ ရေးသား သီကုံး
ခဲ့တဲ့ ဘုရားရှိခိုးဂါထာ ဖြစ်ပါတယ်၊  (ဗုဒ္ဓုပ္ပါဒေါ ဒုလ္လဘော) ဘုရားအဖြစ်
ရခဲတယ်ဆိုတဲ့ အဓိပ္ပါ ယ်ကို ပေါ်လွင်စေပြီး၊ ဘုရားအပေါ် ကြည်ညိုသဒ္ဓါ
အားကောင်းစေရန် သီကုံးထားတဲ့ ဂါထာဖြစ်ပါတယ်။
    *၄င်း- သောတတ္ထကီကျမ်းသည်  သင်္ဂါယတနာတင် ကျမ်းထဲမှာ မပါလို့ 
ထေရ၀ါဒနှင့် မကိုက်ညီဘူးလို့ တစ်ချို့က ယူဆကြသော်လည်း ကျီးသဲလေး
ထပ်ဆရာတော်ရေးခဲ့တဲ့ ဇိနတ္ထပကာသနီကျမ်းမှာ-(ဒီ-သောတတ္ထကီကျမ်း)
ကို စူဠဗုဒ္ဓဃောသ ရေးသားခဲ့သည်၊ ထိုဆရာတော်သည်   (အဘိဓမ္မာအဋ္ဌ
ကထာ)ကျမ်းကို ရေးသားရန် (မဟာဗုဒ္ဓဃောသ)မထေရ်ကို လျှောက်ထား
သည့် သင်္ဂါယတနာတင်ကျမ်းဝင်ဆရာတော်တစ်ပါးဖြစ်သည့်အားလျှော်စွာ
သီလ၊သမာဓိ၊ပညာနှင့် ပြည့်စုံတဲ့ ကျမ်းဂန်တတ် မထေရ်မြတ်လဲဖြစ်တယ်၊
စသည့် ကျမ်းဂန် အထောက်အထား များစွာကိုးကားပြီး   ထိုဂါထာများကို 
ထေရ၀ါဒအနေနဲ့ လက်ခံသင့်ပုံကို ရှင်းလင်းရေးသားထားပါတယ်။
   (အကျယ်လေ့လာလိုက ဇိနတ္ထပကာသနီကျမ်းအစပိုင်းမှာလေ့လာပါ)
မှတ်ချက်။။  ကျမ်းဂန်တတ် ဆရာမြတ်တိုင်း ကျမ်းရေးသားသည့်အခါ ဘုရား
ရှိခိုးဂါထာကို ကိုယ်ပိုင်ဟန်နဲ့ရေးသားပူဇော်ခြင်းကိုထောက်၍၄င်း၊ထိုသမ္ဗုဒ္ဓေ 
ဂါထာသည် ပွင့်တော်မူကြသည့်ဘုရားများကို ပူဇော်တဲ့အတွက်ကြောင့်၎င်း။
ဂေါတမမြတ်စွာဘုရားသည် ဝေနေယျသတ္တ၀ါများအတွက် ပါရမီတွေ အများ
ကြီး ဖြည့်ခဲ့ရပါလားဟုသိစေတဲ့ဂါထာဖြစ်လို့ ယုံယုံကြညကြည်ဖြင့် ရွတ်ဖတ်
ပူဇော်ကြပါဟု ဖြေကြားရင်း တိုက်တွန်းပါရစေ။
  * တည်ကြည်တဲ့ စိတ်၊ ကြည်လင်တဲ့ သဒ္ဓါ၊ အသိဥာဏ်ပညာများနဲ့
    လွတ်မြောက်အောင် ကြိုးစားနိုင်ကြပါစေ။
   "ကံပွင့်လာဘ်ပွင့် အောင်သိဒ္ဓိဆရာတော်"