Thursday, September 5, 2013

အိမ်ထောင်ဖောက်ပြား-ငရဲလား၊

               အိမ်ထောင်ရေးဖောက်ပြန်သူများ

       ကာမေသုမိစ္ဆာစာရကံလွန်ကျူးသူများငရဲခံရပုံ 

   * ဘုရားညီတော် အရှင်အာနန္ဒာ ကိုယ်တော်မြတ်သည် လွန်ခဲ့သော(၁၈)ဘဝ
လောက်က မဂဓတိုင်း ရာဇဂြိုဟ်ပြည်မှာ ချမ်းသာတဲ့ရွှေပန်းတိမ်သည်သားဖြစ်ခဲ့
တယ်၊အပေါင်းအသင်းမှာပြီး သောက်သောက်စားစားပျော်ပါးနေပြီး  တစ်နေ့ မှာ သူတစ်ပါးရဲ့ဇနီး မယားကို  ကာမဂုဏ် လွန်ကျူးမိခဲ့တယ်၊ အဲဒီဘ၀ကသေတော့
ထိုကံက ချက်ချင်းအကျိုးမပေးသေးပဲ၊  ကောသမ္ဗီပြည်မှာ  သူဌေးသားလာဖြစ်၊ အဲဒီဘ၀ကသေတော့-သူတစ်ပါးသားမယားကိုလွန်ကျူးခဲ့တဲ့ကံက အကျိုးပေးပြီး
ဇာလရောရူဝ ငရဲမှာ နှစ်ပေါင်းမျာစွာခံရပါတယ်၊ထို-ငရဲကလွတ်လာပြန်တော့လဲ
တိရစ္ဆာန်ဘ၀  ဆိတ်အထီးလာဖြစ်တယ်၊   ဒါပေမဲ့   ထို-ကာမေသု မိစ္ဆာစာရကံ
ကြောင့်၊ ဝှေးစေ့ အထုတ်ခံခဲ့ရတယ်၊တစ်ဖန်အဲဒီဘ၀ကသေတော့ -မျောက်ဘဝ
ပြန်ဖြစ်ပြန်တယ်၊ ဒီလိုပဲ ငယ်ငယ်ထဲကဝှေးစေ့ အထုတ်ခံခဲ့ရပြန်တယ်၊ထိုဘ၀က
သေပြန်တော့ နွားဖြစ်ပြန်တယ်၊ နွားဖြစ်ပြန်တော့လဲ ဒီလိုပဲ  ဝှေးစေ့အထုတ်ခံရ
ပြန်တယ်၊  အဲဒီဘ၀ကသေပြန်တော့ ၀ဇ္ဇီတိုင်းတွင်  သူဌေးမျိုးမှာ   မိန်းမဟုတ်၊
ယောင်္ကျားမဟုတ်  နပုံးပဏ္ဍုတ်ခေါ်တဲ့  (အခြောက် -ဂန်ဒူး) လာဖြစ်ပြန်တယ်၊ ထိုအခြောက်ဘ၀မှာ  သံဝေဂရပြီး  မိဘများကိုလုပ်ကျွေး  သီလဆောက်တည်၊
ဒါနပြု  ကောင်းမှုတွေလုပ်တော့မှပဲ   သေတဲ့အခါ  သိကြားမင်းရဲ့  အခိုင်းအစေ
နတ်သမီး (၃)ကြိမ်ဖြစ်တယ်၊ထိုဘ၀ကသေတော့ ဇ၀နနတ်သား၏ နတ်ဖိဘုရား
လာဖြစ်ပြန်တယ်၊အဲဒီဘ၀က သေပြန်တော့ မိထိလာပြည်မှာဘုရင့်သမီးလာဖြစ်
ပြန်တယ်၊  အဲဒီဘ၀မှာ ကုသိုလ်ကောင်းမှုတွေ များများ လုပ်ပြီး၊  သေတော့မှပဲ
တာဝတိံသာ နတ်ပြည်မှာ တန်ခိုးကြီးတဲ့နတ်သားလာဖြစ်ပါတယ်။
  * ပါရမီဓာတ်ခံရင့်ကျက်တဲ့ အာနန္ဒာကိုယ်တော်မြတ် လောင်းလျာကြီးတောင်
ကာမဂုဏ်အကြိုက် တစ်ကြိမ်မိုက်မိတော့ အပါယ်ဘုံတစ်ဝိုက်မှာ အကြိမ်များစွာ
ခံခဲ့ရပါလားလို့  ဖတ်ရသူများ သတိသံဝေဂပွားနိုင်ကြပါစေ။



  *  ဒီ-ငရဲကတော့ ၇၂၀မိုင်လောက်  ဇောက်-အကျယ်ရှိပြီး၊  နေ့ညစ်ပတ်လုံး
ကျိုက်ကျိုက်ဆူနေတဲ့ ကြေးနီရည်တွေအပြည့်ရှိတဲ့ အိမ်ထောင်ရေးဖောက်ပြန်
ကာမေသုမိစ္ဆာစာရကံ လွန်ကျူးကြတဲ့သူတွေ ခံရမည့်လောဟကုဗ္ဘိ ခေါ် ကြေး
အိုး ငရဲပါ။
    * ဒု-သ-န-သော လို့  အော်ကာ သူဌေးသား(၄)ယောက် နှစ်ပေါင်းများစွာ
အနှိပ်စက်ခံရတဲ့ငရဲပါ။
    * တစ်ခါတုန်းက-  ဘုရင်ကောသလမင်းကြီး  တိုင်းခန်း လှည့်လည်တော့
ဘုံ(၇)ဆင့်ရှိတဲ့ ပြာသာဒ်အဆောင် လေသာပြတင်းပေါက်ကနေပြီး  မိန်းမလှ
လေးတစ်ယောက်က ခမ်းခမ်းနားနားနဲ့ တိုင်းခန်းလှည့်လည်လာတဲ့ ဘုရင်ကြီး
ကို ကြည်မိလိုက်တယ် ဘုရင်ကြီးနဲ့  အကြည့်ချင်ဆုံမိတော့ ချစ်ချင်းအစမျက်
စိကဆိုသလို အကြည့်ချင်းဆုံတော့  ရင်ခုံခဲ့ရတဲ့ ကောသလကြီးဟာ စီးတော်
ဆင်ပေါ်က ပြုတ်ကျမတတ်ဖြစ်ခဲ့တယ်၊  လင်ရှိမရှိမေးစီစစ်လိုက်တော့  လင်
ယောင်္ကျားရှိနေတာသိလိုက်ရတယ်၊ ဘုရင်ကြီး စိတ်အကြံအိုက်သွားတယ်၊
      တဏှာတင်းရင်တော့ အသိဥာဏ်ကင်းပြီပေါ့၊ ဒီလိုနဲ့ ရှေ့ဆက် တိုင်းခန်း
မလှည့်နိုင်တော့ပဲ နန်းတော်ကိုပြန်လှည့်ခဲ့တယ်၊နန်းတော်ရောက်ပြန်တော့လဲ
စွဲလမ်းမှု့တဏှာက အသဲကျွမ်းလုမတတ် ခံစားနေရတယ်၊  ဒီဝေဒနာကို မနေ
သာလို့  ဘယ်လိုအဖြေရှာမလဲ-- အချစ်နဲ့  စစ်ဆိုတာ  မတရားတာ မရှိပါဘူး၊
ပိုင်ဆိုင်ဖို့ သာ အဓိကပဲကွာလို့ စဉ်းစားလိုက်တယ်။
                                 * ခက်သုံးခက်*
(၁) စစ်ရေး မက်ရေး၊ရန်သူဘေးကြောင့်၊ အပြေးအလွဲ၊ ဆွေမျိုးကွဲသား၊
     ပြည်ထဲရေးရာ ခက်သည်သာတည်း။
(၂) အစားအစာ-ထွားထွားမြေ့ကြွေ၊ ရှားပါးလေ၍၊ သေကြေပျောက်ဆဲ၊
     ငတ်မွတ်ကဲလျှင်၊ ပြည်ထဲရေးထက်-၀မ်းရေးခက်၏။
(၃) ထို့ ထက်မှာမူ-ချစ်ခင်သူနှင့် အတူတကွ မပေါင်းရပဲ၊ လွမ်းတပူဆွေး၊
     သူနှင့်ဝေးသော်၊ ပြည်ထဲရေးနှင့်၊၀မ်းရေးတို့ ထက်၊လွမ်းရေးခက်၏။
ဒါ့ကြောင့်-တဏှာရမက်နဲ့ လွမ်းရေးခက်နေတဲ့မင်းကြီးဟာ-သူံမယားလိုချင်-
သူ့လင်ကိုသတ်ဆိုသလို့  ထိုယောင်္ကျားကိုခေါ်ပြီး မရနိုင်တဲ့ (၁၂)မိုင်းကျော်
ဝေးကွာတဲ့  နဂါးပြည်က အရုဏ၀တီမြေနဲ့  ကုမုဒ္ဒရာကြာပန်းကို  ညနေမြို့
တံခါးမပိတ်မီအရောက်ယူလာရမယ်၊မရောက်ရင်မောင်မင်းကိုသတ်မယ်လို့ 
အချစ်အတွက် ရက်စက်တဲ့ အမုန်းတရားနဲ့  အမိန့်တော်ထားလိုက်ပါတယ်။
ညနေရောက်တော့ မြိုတံခါးကိုစောစောပိတ်ခိုင်းပြီး  ညချမ်းကလေးမှာ ဟို-
ပြတင်းပေါက်က မေးထောက်ကြည့်နေတဲ့ ခပ်လန်းလန်းပုံကလေးကို  စိတ်
ကူးယဉ် စဉ်းစား အလန်းဇယားချနေတဲ့အချိန်မှာပဲ- ဒု-သ-န-သော- ဆိုတဲ့
အလွန်ကြောက်စရာကောင်းတဲ့အသံကို ကြားလိုက်ရတယ်၊ ဒီတော့ ဘုရင်
ကြီးလဲအလန်းဇယားက ဖလန်းလန်းထပြီး ကြက်သီး  မွေးညှင်းတွေ ထပြီး
ကြောက်လာတယ်၊ဒီတော့- အမတ်ကြီးတွေခေါ်မေးတော့  ဘုရင်အကြိုက်
ပညာရှိခေါ် အမတ်မိုက်တွေက-   နွားငါးရာ ၊မြင်းငါးရာ၊ ဆိတ်ငါးရာ စတဲ့
လည်ချောင်းသွေးနဲ့ ယဇ်နတ် ပူဇော်ပေးရမယ်လို့    အကြံပေးလိုက်တော့၊
အတ္တက လွန်ကဲ အသိဥာဏ်ကမွဲ ဟောဒီ -ဘုရင်ငနဲကြီးက ပြည်သူတွေရဲ့ နွား-ဆိတ်တွေကိုအဖမ်းခိုင်း၊အိမ်တိုင်းကသူတွေ ပူဆွေးငိုကြွေးကြတာပေါ့၊
ကိုယ့်ကိုသာချစ်  ပြည်သူကိုနှစ်တတ်တဲ့ လူကြီးညစ်တွေရဲ့  လက်ထက်မှာ
တော့ မျက်ရည်နဲ့ ခုခံ ငိုကြွေးမှု့နဲ့တုံ့ ပြန်ရုံကလွဲလို့ ဘာများတတ်နိုင်ကြမှာ
လဲ၊ သို့ သော်လဲ ငိုကြွေးမှု့အသံများကို မလ္လိကာမိဖုရားနားကြားသွားတယ်၊
အကြောင်းအကျိုး ဆင်ခြင်လိုက်တော့ ငါ့ဘုရင်တယ်မိုက်ပါလား၊  အမိုက်
များရင်တော့ အပါယ်ကြိုက်သွားလိမ့်မယ်၊ ဒီဘုရင်ငမိုက်သား မြတ်ဘုရား
ထံခေါ်သွားမှ သင့်တော့မယ်ဆိုပြီး ဘုရားဆီရောက် ဖြစ်စဉ်ကိုလျှောက်ပြ
တော့၊ ဘု၇ားရှင်က သင်မင်းကြီးဘာမှမစိုးရမ်နဲ့သင်ကြားတဲ့အသံတွေဟာ-
ဟိုတုန်းခါဆီ  ဗာရာဏသီပြည်က  ကဿပဘုရားရှင်လက်ထက်၊မီလျံနာ
သူဌေးသား(၄)ဦးဟာ စည်းစိမ်ကိုဗန်းပြ အရက်လေးတမြမြနဲ့  သူတစ်ပါး
သားမယားကို ငွေနဲ့ မျှားပြီးအာရုံအတွေ့ မှာ ကာမဂုဏ်တွေနဲ့မွေ့ နေကြ
တယ်၊ ဒါနက ဗလာ၊ ကိုယ်ကျင့်ကနတ္ထိ၊ကဿပဘုရား သာသနာနဲ့ကြုံခဲ့
ပေမဲ့ သူတို့ တစ်တွေဟာ  သာ-ပြီးတော့ နာခဲ့ကြတယ်၊  သေတဲ့အခါကြ
တော့ သူတစ်ပါးသားမယားလွန်ကျူးခဲ့တဲ့ကံကြောင့် အ၀ိစိငရဲမှာ ဘုရား
နှစ်ဆူအကြားခံရပြီး ခုတော့လောဟကုဗ္ဘိခေါ်ကြေးရည်တွေကျိုက်ကျိုက်
ဆူနေတဲ့ ငရဲမှာအနှစ်(၆)သောင်း ခံနေရတယ်၊ အနှစ်(၃)သောင်းကြာရင်
အပေါ်ကို ခေါင်းကလေးပေါ်လာတဲ့အခါ နောင်တရကြလို့  အက္ခရာ(၃၂)
လုံးရှိတဲ့ သံဝေဂ တစ်ဂါထာကို တစ်ယောက်ကရွတ်တာ-ဒုဆိုတဲ့ တစ်လုံး
ပဲ ရွတ်ရသေးတယ် ငရဲအိုးထဲပြန်မြုတ်သွားတယ်၊နောက်တစ်ယောက်က
လဲ-သ- နောက်တစ်ယောက်ကလဲ န- နောက်တစ်ယောက်ကလဲ -သော
လို့ရွတ်ပြီး ပြန်မြုတ်သွားတယ်လို့ ဘုရားကိုယ်တော်   ဟောလိုက်တော့မှ
ဘုရင်ကြီး သတိသံဝေဂရသွားပြီး သူ့ ဖြစ်ပုံကိုလျှောက်ထားတယ်။
     * ဒီတော့ ဘုရားရှင်က--- အသင်မင်းကြီး
(၁) အိပ်မပျော်တဲ့ ညဟာ ညာတာရှည်တယ်၊
(၂) မသွားချင်တဲ့ ခရီးဟာ အလွန်ဝေးတယ်၊ (လာချင်ရင် အနီးလေး-
     မလာချင်ရင် ခရီးဝေး)
(၃) လူမိုက်တွေဟာ သံသရာရှည်တယ်လို့  နောက်ဆုံး ဓမ္မလက်ဆောင်
     ပေးလိုက်ပါတယ်။
*  သတိသမ္ပဇင်-ဥာဏ်နှင့်ယှဉ် နေ့ စဉ်ပြုလုပ်ကြ၊
   သတိမထား အမှားများ အပါယ်ကား ရောက်တုံဘိ။
   သတိလည်းကပ်၊ ဥာဏ်လည်းထပ်၊ အမြတ်ရတုံဘိ။
*ကံပွင့်လာဘ်ပွင့် အောင်သိဒ္ဓိဆရာတော် ဘဒ္ဒန္တသီလာစာရ၊*




 

No comments:

Post a Comment