Thursday, June 27, 2013

မေတ္တာနဲ့ ပြုံး-ဒေါသနဲ့ မမုန်းပါနဲ့ ။အဆုံးအမစကားများ

                      အချစ်နဲ့ တည်ဆောက်ထားတဲ့ ဟောဒီကမ္ဘာကြီးကို 
                သင့်ရဲ့ အမုန်းတရားတွေနဲ့ -အကျည်းတန်အောင် မလုပ်ပါနှင့်
                          မမုန်းစတမ်း -အပြုံးပန်းတွေ ဝေနိုင်ကြပါစေ



                          အဆုံးအမ စကားများ

     (၁)  အောင်မြင်မှု့ပန်းတိုင်ဆိုတာ-ရည်ရွယ်ချက်နဲ ကျိုးစားနေသူတွေအတွက်သာဖြစ်တယ်၊  

      (၂)  အရွက်မဲ့တဲ့ မြားတစ်စင်းဟာ-ဘယ်လိုမှ ပစ်မှတ်ကို မထိနိုင်သလို-ရည်ရွယ်ချက် မဲ့တဲ့

             လူတစ်ယောက်ဟာလဲ ဘ၀အောင်မြင်မှု့  ပစ်မှတ်လွဲမှာ သေချာတယ်။

      (၃)  တစ်ခဏအတွက် သည်းခံခြင်းသည်-တစ်ဘ၀အတွက် ချမ်းသာစေနိုင်တယ်။

      (၄)  အလိုနည်းမှ အရများ၊ ဒေါသနည်းမှ မေတ္တ္တာများ၊ မောဟနည်းမှ ပညာများမယ်။ 

      (၅)  မျက်စိ ဆိုတာကြည့်ဖို့ ရန် သဘာဝကပေးထားပေမဲ့ အကျိုးရှိတာကိုကြည့် အကျိုး

             မရှိရင် ကန်းသလိုနေ။ နားဆိုတာလဲ ဒီအတိုင်းပဲ

      (၆)  မှန်တယ်ထင်လို့ လုပ်တဲ့အလုပ် ဘယ်တော့မှ နောက်ပြန်မဆုတ်နဲ့ ။ 

      (၇)  လူ့ ဘ၀ဆိုတာ တိုတိုလေးပါ သို့သော် ရည်ရှည်အကျိုးကို ကြည့်တတ်ဖို့ လိုတယ်။

      (၈)  အခွင့်အရေးဆိုတာ ပေးတုန်းယူထားရတယ် ကံကြမ္မာရဲ့ မျက်နှာစာဆိုတာ အမြဲ

             သာတယ်မရှိဘူး။

      (၉)  လူဆိုတာ အကောင်းတော့လူတိုင်းကြိုက်တယ်၊ သို့သော် ကောင်းတာကြတော့

               လုပ်ဖို့ ခက်တယ်။

     (၁၀) ဘ၀တိုင်းမှာ အခက်အခဲဆိုတာ ရှိတတ်စမြဲပါ၊ အခက်အခဲတွေကျော်လွားနိုင်ဖို့ 

               နည်းလမ်းကောင်းတွေရှာကြံပြီး အသင့်ပြင်ဆင်ထားရမယ်။

     (၁၁) လောကကြီးမှာ မရင်းပဲနဲ့  မမြတ်သလို၊ ဆင်းရဲဒဏ်မခံပဲနဲ့  ချမ်းသာဆိုတာ-စံရ

         မှာမဟုတ် ဘူး။

ကံပွင့် လာဘ်ပွင့်ဆရာတော်

               (ကံပွင့် လာဘ်ပွင့်-အောင်သိဒ္ဓိဆရာတော်)
                     ဘဒ္ဒန္တသီလာစာရ၏ ဓမ္မစာစဉ်မှ
         လောကမှာ လူသားတိုင်း ချမ်းသာချင်တယ်  မိမိအလုပ်ကိစ္စတွေ  အောင်မြင်
ချင်တယ် ကြိုးးစားပေမဲ့အကျိုးမများတာတွေ-ဖောင်စီးရင်းရေငတ် လမ်းလျှောက်ရင်း လမ်းပျောက်သွားတာတွေအများကြီးပါပဲ ဒီတော့ အောင်မြင်ဖို့ ရန်မြတ်ဗုဒ္ဓညွန်ပြခဲ့တဲ့ နည်းလမ်းကောင်းလေး ညွန်ပြပါရစေ။    အောင်မြင်စေကြောင်း  နည်းလမ်းကောင်း
(၁) အကြားအမြင် ဗဟုသုတ ရှိရမယ်၊ (၂) ငါလုပ်တဲ့အလုပ်  အောင်မြင်ရမယ်ဆိုတဲ့
ဆန္ဒရှိရမယ်၊  (၃) ကိုယ့်ကိုယ်ကိုယ်ယုံကြည်ရမယ်။  (၄) မဖြစ်မနေကြိုးစားတတ်တဲ့
လုလ္လ ၀ိရိယရှိရမယ်။  (၅) အရာရာကို  သတိထား လုပ်ကိုင်ရမယ်။   (၆)အကြောင်း
အကျိုး အကောင်းအဆိုးကို ဝေခွဲတတ်တဲ့ ဆင်ခြင်တုံတရားရှိရမယ်။

နေတတ်မှ ချမ်းသာမည်

                         နေတတ်မှ ချမ်းသာမည်
   လူတိုင်းဟာ-ချမ်းသာမှုကိုလိုလားတယ်၊ တောင်းတတယ်၊နည်းမျိုးစုံနဲ့ ရှာဖွေကြတယ်၊    တစ်ကယ်ချမ်းသာမှုကို ရကြပါ ပြီးလားလို့   စစ်တမ်း
ထုတ် ကြည့်ရင်- တစ်ကယ်ချမ်းသာစစ်ကို  မရကြသေးပါဘူး၊ စည်းစိမ်
ဥစ္စာ ချမ်းသာသော်လည်း စိတ်မချမ်းမသာဖြစ်နေကြတာတွေ စည်းစိမ် ဥစ္စာမရှိသော်လည်း  စိတ်ချမ်းသာနေကြတာတွေ လောကမှာ  အများ ကြီးရှိနေပါတယ်။
        ဒီတော့ လောကမှာ စီးပွားချမ်းသာအောင်လုပ်ရသလို စိတ်ချမ်း သာမှုရအောင်လဲကျိုးစားနေရမှာပါ၊ကံ-ဥာဏ်-၀ိရိယသုံးဌာနမှာ အရာ ရာကို ကံတရားပဲလို့ လဲ ကံကိုကြီး အပြစ်ပုံမချနဲ့  ကံတရား ဆိုတာက 
ရေလာဖို့  မြောင်းပေး ဆိုသလိုပါ၊   အောင်မြင်တဲ့ အကျိုးတရားရဖို့   မိမိရဲ့ အသိဥာဏ်နဲ့ 
ယှဉ်၊  ၀ိရိယနဲ့  ကြိုးစားရမှာပေါ့၊   ဒီလိုကျိုးစားလျှက်နဲ့  ဖြစ်မလာတော့မှ   ကံတရားပဲလို့ 
မိမိရဲ့စိတ်ကို  ဒေါသဘက် မကူးအောင် ဖြေသိပ်ရမှာပေါ့၊   ချမ်းသာမှု့ တစ်ခုကို လိုချင်ရင်
ချမ်းသာမှု့ နဲ့ရင်းလို့ မရဘူး၊ ဆင်းရဲဒုက္ခနဲ့  ရင်းရတာပဲ၊ ချမ်းသာကြီးကိုလိုချင်ရင် ချမ်းသာ
လေးကိုစွန့်ရသလို၊ ဆင်းရဲဒုက္ခကြီးကြောက်ရင် ဒုက္ခလေးတော့ ရင်းရမှာပေါ့၊ဆင်းရဲမှု့ များ
တော့လဲ သောကများသလို  ချမ်းသာများတော့လဲ  သောက ပွားတာပါပဲ၊ ဆင်းရဲ ချမ်းသာ
ဆိုတဲ့  ဒီ-ဆန့် ကျင်ဘက်တရားဟာလဲ အစဉ်ပြောင်းလွဲနေတဲ့ လောကနိယာမ ဖြစ်ပျက်မှု့ 
အစဉ်တစ်ခုလို့  ဥပေက္ခာပြုနေနိုင်ရင်တော့ နေတတ်ရင် ကျေနပ်စရာဖြစ်သလိုနေတတ်မှ
ချမ်းသာမှုကိုလဲ ရကြမှာပါ။
            (၇)ရက်သားသမီးများ ချမ်းသာအောင် နေတတ်ကြပါစေ။

အခြွေအရံ (၄)မျိုး

                    အခြွေအရံ (၄)မျိုး

 (၁)  ကိုယ်ကသာ သူတစ်ပါးအပေါ်ကောင်းပြီး၊ သူတစ်ပါးက ကိုယ့်အပေါ်မကောင်းသူ။
 (၂)  ကိုယ်ကလဲ သူတစ်ပါးအပေါ်မကောင်းသလို သူတစ်ပါးကလဲ ကိုယ့်အပေါ်မကောင်းသူ။
 (၃)  ကိုယ်က သူတစ်ပါးအပေါ် မကောင်းပေမဲ့ သူတစ်ပါးကကိုယ့်အပေါ်ကောင်းသူ။ူ
 (၄)  ကိုယ်ကလဲသူတစ်ပါးအပေါ်ကောင်းသလို သူတစ်ပါးကလဲ ကိုယ့်အပေါ်ကောင်း။