ဓာတ်ရိုက်ဓာတ်ဆင်၊ယတြာ လေ့လာလိုများအတွက်
![]() |


(၇)ရက်သားသမီးများ အောင်မြင်စေရန် ဓာတ်(၄)ပါးနှင့် ဓတ်ယတြာခြေနည်း။
(၁) အန္တော ဓာတ်-----မည်သည့်နေ့ သားသမီးမဆို မိမိ၏ အလုပ်အကိုင်စတဲ့ကိစ္စများ
အစဉ်မပြေ လာဘ်ပိတ်နေပါက စနေ-တနင်္ဂနွေနေ့  နံနက်(၆ နာရီမှ ၇-ခွဲ) အတွင်း
အိမ်ကဘုရားမှာ အုန်းဆွမ်း(၁)ပွဲ၊ နို့ ဆီဆန်း၍ ဆွမ်းတစ်ပွဲ စနေနေ့ မှာ(ဓမ္မဒဿီ)
တနင်္ဂနွေနေ့ မှာ (အနောမဿီ)မြတ်စွာဘုရားဟု အာရုံပြုလှူ ဆုတောင်း။
ထိုနေ့ ညပိုင်းမှာ(သောဘဂ၀ါ ဣတိပိ အရ-ဟံ)အတွင်းရန် အပြင်ရန်မှန်သမျှ
ပယ်သတ်အောင်မြင်တော်မူသော မြတ်စွာဘုရားဟု အာရုံပြု၍ ပုတီး(၃)ပတ်စိပ်ပါ။
(၂) ဂဗ္ဘေဓာတ်--မည်သည့်နေသားသမီးမဆို အလုပ်အကိုင် မမြဲခြင်း၊၀င်သမျှငွေမမြဲခြင်း
ဖြစ်နေပါက တနင်္လာ--ကြာသာပတေးနေ့  နံနက်( ၆နာရီမှ ၇ခွဲ )အတွင်း အိမ်က
ဘုရားမှာ ကြာဆံကြော်တစ်ပွဲ ပေါင်မုန့် အုန်းနို့ ဆမ်း(၅)ချပ်တစ်ပွဲ ကြွေပန်းကန်ထဲ
ထည့်၊တနင်္လာနေ့ မှာ(ကဿပ)မြတ်စွာဘုရား၊ကြာသာပတေးနေ့ မှာ (ပိယဒဿီ)
မြတ်စွာဘုရားဟု အာရုံပြုလှူ ဆုတောင်း။
ထိုနေ့ ညမှာ-(သောဘဂ၀ါ ဣတိပိ ဘဂ၀ါ)ဘုန်းရှင်-ကံရှင် ဖြစ်တော်မူသော
မြတ်စွာဘုရားဟုအာရုံပြု၍ ပုတီး(၅)ပတ်စိပ်ပါ။
(၃) စရေဓာတ်----မည်သည့်နေ့ သားသမီးမဆို မိမိရဲ့ အလုပ်ကိစ္စအ၀၀ နှောက်နှေးကြံ့
ကြာနေပါက အင်္ဂါနေ့ နံနက်( ၆နာရီမှ ရခွဲ)အတွင်း အိမ်ဘုရားမှာ ဆီဆမ်း-ဆားဖြူး
ဆွမ်းတစ်ပွဲ၊ရှောက်ယိုနှင့် ဆွမ်းတစ်ပွဲ (ဇိန)မြတ်စွာဘုရားဟုအာရြုံ့ပုလှူဆုတောင်း။
ဗုဒ္ဓဟူးနေ့  ညနေ (၆ နာရီမှ ၇ခွဲ) အတွင်း ရှောက်ယို(၁)ပွဲ၊ အမွှေးတိုင်(၈)
ဖရောင်းတိုင်(၈)တိုင် ထွန်း၍ (ရေ၀တ) မြတ်စွာဘုရားဟု အာရုံပြုလှူ ဆုတောင်း။
အင်္ဂါ-ဗုဒ္ဓဟူး ညတွေမှာ(သောဘဂ၀ါ ဣတိပိ ဇိနော)အောင်တော်မူမြတ်စွာဘုရားဟု
အာရုံပြု ပုတီး(၃)ပတ်စိပ်။
(၄) ၀ံသေဓာတ်---မည်သည့်နေ့ သားသမီးမဆို အိမ်တွင်း-အလုပ်အတွင်း ပူပူဆူဆူဖြစ်
နေလို့ အေးအေးချမ်းချမ်းဖြစ်လိုက-ဗုဒ္ဓဟူးနေ့  သောကြာနေ့ နံနက်(၆နာရီမှ ၇ခွဲ)
အတွင်း အိမ်ကဘုရားမှာ လမုန့်  နှင့်ဆွမ်းတစ်ပွဲ၊ သစ်သီးနှင့်တစ်ပွဲ ဗုဒ္ဓဟူးနေ့ မှာ
(၀ိပဿီ)မြတ်စွာဘုရား၊ သောကြာနေ့ မှာ (သုမန) မြတ်စွာဘုရားဟု အာရုံပြု လှူ
ဆုတောင်း။ထိုနေ့ ညတွေမှာ (သောဘဂ၀ါ ဣတိပိ လောက၀ိဒူ) လောကသုံးပါးကို
သိမြင်ပိုသ အစိုးရသည့် မြတ်စွာဘုရားဟု အာရုံပြု ပုတီး(၆)ပတ်စိပ် ဆုတောင်းပါ။
** မှတ်ချက်--၄င်းဓာတ်ယတြာကို (၃)ပတ်မပျက်မကွက် ပြုလုပ်ပါက
မုချအောင်မြင်မည်။
http//naylaseikdi.blogspot.com
** မိတ်-ရန်-ဓာတ်များ၏ အကျိုးသက်ရောက်မှု့ သဘော**
(၁) အတွင်းမိတ်ဆိုသည်မှာ-- မိသားစုအတွင်း အကူအညီ ကောင်းကျိုးပေးမှုနှင့်
သက်ဆိုင်ပါတယ်၊ဆွေမျိုးသားချင်းကဲ့သို့  အကူအညီရသော အားကိုးရသော
မိတ်ဆွေများကို အတွင်းမိတ်ခေါ်တယ်။
မှတ်ချက်-- (အိမ်ထောင်ဖက်မိတ်လို့ လဲခေါ်တယ်)
(၂) အတွင်းရန်ဆိုတာက-အိမ်တွင်းရန်၊ဆွေမျိုးသားချင်းရန်၊အပြင်လူက မိသားစု
အတွင်း လူယုံအနေနဲ့ ဝင်ရောက်ကာ လူယုံသတ်တတ်တဲ့ရန်ကိုခေါ်ပါတယ်။
မှတ်ချက်--(အိမ်ထောင်ဖက်ရန် လို့ လဲခေါ်တယ်)
(၃) အပြင်မိတ်ဆိုတာ-အပြင်က ဘာမှဆွေမျိုးမိတ်ဆွေမတော်ပဲ ကူညီပေးတာကို
ခေါ်တယ်။
(၄) အပြင်ရန်ဆိုတာ--သက်သက် မနာလို ၀န်တိုဖြစ်ပြီး စီးပွားရေး လူမှုရေးတိုက်
ခိုက်လာတဲ့ရန်။
* မိတ်ဓာတ်ဖြင့် ယတြာဆောင်ရွက်ပုံ *
(၁) ဥ-သာ မိတ်ဓာတ်ဖြင့် --တနင်္ဂနွေသားသမီးကို သောကြာ သားသမီးက ချစ်စေ
လိုလျှင် သို့မဟုတ်အကူအညီတောင်းလိုရင် ( သပြေ-သီဟိုရ်) တစ်ခုခု တစ်ညွန့်
ဆောင်သွားပါ။
(၂) စိန်-ပန်း မိတ်ဓာတ်ဖြင့် --အင်္ဂါသားသမီးကို ကြာသာပတေးသားသမီးက ချစ်စေ
လိုလျှင် (မေမြို့- သပြေ) တစ်ခုခုဆောင်သွားပါ။
(၃) ဒါန်း-လှ မိတ်ဓာတ်ဖြင့် စနေသားသမီးကို ဗုဒ္ဓဟူးသားသမီးက ချစ်စေလိုလျှင်
( ရွက်လှ)ညွန့် တစ်ညွန့် ဆောင်သွားပါ။
(၄) ကို-ရှာ မိတ်ဓာတ်ဖြင့် --တနင်္လာသားသမီးကို ရာဟုသားသမီးက ချစ်စေလိုလျှင်
( ရဲယို)တစ်ညွန့်ဆောင်သွားပါ။
* အပြင်မိတ်ဓာတ်ဖြင့် ယတြာဆောင်ရွက်ပုံ *
(၁) အောင်-ပ မိတ်ဓာတ်ဖြင့် --တနင်္ဂနွေသားသမီးကို ကြာသာပတေးသားသမီးက
ချစ်စေလိုလျှင် (မေမြို့ -သပြေ) တစ်ခုခုဆောင်သွားပါ။
(၂) ကု-လား မိတ်ဓာတ်ဖြင့် --တနင်္လာသားသမီးကို ဗုဒ္ဓဟူး သားသမီးက ချစ်စေလို
လျှင် (ခရေ-ရွက်လှ)တစ်ခုခုဆောင်သွားပါ။
(၃) ဆွေ-သား မိတ်ဓာတ်ဖြင့် --အင်္ဂါသားသမီးကို သောကြာသားသမီးက ချစ်စေလို
လျှင် (သီဟိုရ်-သပြေ)တခုခုဆောင်သွားပါ။
(၄) တော်-ရင်း မိတ်ဓာတ်ဖြင့် --စနေသားသမီးကို ရာဟုသားသမီးက ချစ်စေလိုလျှင်
(ရွက်လှ-ရဲယို)တစ်ခုခုဆောင်သွားပါ။
* အိမ်ထောင်ဖက် မိတ်-ရန်အကြောင်းလေ့လာရန်*
အိမ်ထောင်းရေးဆိုတာ လူသားမျိုးနွယ်စုရဲ့ မဖြစ်မနေလိုအပ်တဲ့ အခြေခံ
ကျတဲ့ အချက်တစ်ခုပါ၊ အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည် စုတ်ထိုး
ဤသုံးမျိုး ချက်မပိုင် နောင်ပြင်ရန်ခက်၊ ကုန်ရှုံးတော့ တစ်ခေါက်၊ အိမ်ထောင်
ရှုံးတော့ တစ်သက်၊ ဘာသာရှုံးတော့ တစ်သံသရာလုံးဆိုသလို နှလုံးသားက
လာတဲ့အချစ်ကို အိမ်ထောင်ဖက်ကြတော့ ဦးနှောက်နဲ့ စစ်ရမှာပေါ့၊ ဒါ့ကြောင့်
အိမ်ထောင်ဖက်ရွေးတဲ့အခါ --ဓမ္မာ-သောက-အင်းဝ- ရာဇာ ဆိုတဲ့ရန်ကိုတော့
ရှောင်သင့်တယ်။ အိမ်ထောင်ရေးကောင်းမကောင်း မိတ်-ရန် လေ့လာတဲ့အခါ
အိမ်ဦးနတ် အိမ်ဦးစီးဖြစ်လို့  ယောက်ျားလေးကို အဓိကထားရတယ်။
ဥပမာ-- ဓမ္မာ ဆိုတဲ့ ရန်ဂြိုဟ်မှာ ယောက်ျားလေးက ကြာသာပတေး၊
မိန်းခလေးက စနေဆိုရင် ရန်အတည့်ဖြစ်တယ်၊ ယောက်ျားလေးက ကြာသာ
ပတေး မိန်းခလေးက စနေဆိုရင် ရန်ပျက်မိတ်လို့ ခေါ်တယ် အိမ်ထောင်ပြုလို့
ရတယ်။ ကျန်တဲ့ သောက-အင်းဝ-ရာဇာဂြိုဟ်များကိုလဲ နည်းမှိပြီးလေ့လာပါ။
ဥသာ- စိန်ပန်း-ဒါန်းလှ-ကိုရှာဂြိုဟ်သည် အိမ်ထောင်ဖက် မိတ်ဖြစ်၏
ဥပမာ--ဥသာ ဆိုတဲ့မိတ်သည် ယောက်ျားလေးက တနင်္ဂနွေ မိန်းခလေးက
သောကြာဖြစ်လျှင် မိတ်အတည့်ဖြစ်၏၊ ယောက်ျားလေးက သောကြာသား
မိန်းခလေးက တနင်္ဂနွေဆိုရင် မိတ်ပျက် ရန်ဂြိုဟ်ဖြစ်သွားတယ်၊ ခဏခဏရန်
ဖြစ်တတ်ပါတယ်၊ သို့ သော် စီးပွားလို ရန်ဂြိုဟ်ရှာဆိုသည့်အတိုင်း စီးပွားရေး
ကောင်းတတ်ပါတယ်။ ကျန်ဂြိုဟ်များလဲ နည်းမှီ လေ့လာပါ။
အဓိကကျတဲ့ အိမ်ထောင်ရေးဆိုတာ မိတ်-ရန် ရွေးရုံလောက်နဲ့ မပြည့်စုံ
သေးပါဘူး၊ ဗေဒင်အချုပ် မဟာဘုတ်ဆိုသည့်အတိုင်း မူလမဟာဘုတ်နဲ့ လဲစစ်
ဆေးသင့်ပါတယ်၊ ဒီတော့ ယောက်ျားလေးအတွက် သောကြာက(မယား)ဂြိုဟ်
မိန်းခလေးအတွက် အင်္ဂါက(လင်ယောက်ျား)ဂြိုဟ်ဆိုတော့ ၄င်းဂြိုဟ်များ ပုတိ
အိမ်မှာရှိနေရင် ခဏခဏ ရန်ဖြစ်ပြီးကွဲတတ်တယ်၊ ဘင်္ဂ -မှာရှိရင် တစ်ခုလတ်
ဖြစ်တတ်တယ်၊ မရဏ မှာရှိရင်-မုဆိုးဖို မုဆိုးမ ဇာတာဖြစ်တတ်တယ်။
နက္ခတ်နဲ့ တွက်ထားတဲ့ တြိစက္က ဇာတာအရဆိုရင်-လဂ်ရဲ့(၇)တန့်ဘာဝ
ဖြစ်တဲ့ (ပတိနီ)ခေါ်အိမ်ထောင်ရေးဘာဝကား မိဿ-ကရကဋ်-တူ-မကာရ ခေါ်
စရ ရာသီဖြစ်နေရင် မကောင်းဘူးကွဲတတ်တယ်၊ မေထုန်-ကန်-တူ-မိန် ခေါ်တဲ့
ဒွေးဒဟ ရာသီဖြစ်နေရင် ကောင်းလိုက်မကောင်း ကွဲလိုက်ပေါင်းလိုက်ဖြစ်တတ်
တယ်၊ပြိဿိ-သိဟ်-ဗြိစ္ဆာ-ကုံ လို့ ခေါ်တဲ့ ထိရ-ရာသီဆိုရင်တော့ ခိုင်မြဲပါတယ်။
အင်္ဂါ-လင်ယောက်ျားဂြိုဟ်၊သောကြာ မယားဂြိုဟ်နဲ့  စစ်ကြည့်ရင်တော့
၎င်းဂြိုဟ်များ မူလဇာတာ သို့ မဟုတ် ကောဇာ ဇာတာမှာ ဥစ်ဂြိုဟ်- တြိဂုဏ်း
ဂြိုဟ်-ကသစ်ဂြိုဟ်-မိတ်-န၀င်းဂြိုဟ်စသည် ဖြစ်မဖြစ်လဲ စစ်ကြည့်သင့်ပါတယ်။
ဖြစ်ရင်တော့ အဟောဝတ-ကောင်းလေစွပေါ့။
ခွင့်လွတ် နားလည် မပြယ် အချစ် မေတ္တာစစ်နဲ့ ၊
ဆိုး ကောင်းမခွဲ ထာဝရလက်တွဲနိုင်ကြပါစေ။
မှတ်ချက်။ ဓာတ်ရီုက်-ဓာတ်ဆင်-ဓာတ်ယတြာအကြောင်းသိကောင်းစရာများကို
အောင်မြင်လိုလျှင်-ဓာတ်ပန်းဆင် အပိုင်း(၂)မှာ လေ့လာ ဖတ်ရှုပါ။
မှတ်ချက်။ ဓာတ်ရီုက်-ဓာတ်ဆင်-ဓာတ်ယတြာအကြောင်းသိကောင်းစရာများကို
အောင်မြင်လိုလျှင်-ဓာတ်ပန်းဆင် အပိုင်း(၂)မှာ လေ့လာ ဖတ်ရှုပါ။
No comments:
Post a Comment