လူတိုင်းဟာ-ချမ်းသာမှုကိုလိုလားတယ်၊ တောင်းတတယ်၊နည်းမျိုးစုံနဲ့ ရှာဖွေကြတယ်၊ တစ်ကယ်ချမ်းသာမှုကို ရကြပါ ပြီးလားလို့  စစ်တမ်း
ထုတ် ကြည့်ရင်- တစ်ကယ်ချမ်းသာစစ်ကို မရကြသေးပါဘူး၊ စည်းစိမ်
ဥစ္စာ ချမ်းသာသော်လည်း စိတ်မချမ်းမသာဖြစ်နေကြတာတွေ စည်းစိမ် ဥစ္စာမရှိသော်လည်း စိတ်ချမ်းသာနေကြတာတွေ လောကမှာ အများ ကြီးရှိနေပါတယ်။

ဒီတော့
လောကမှာ စီးပွားချမ်းသာအောင်လုပ်ရသလို စိတ်ချမ်း သာမှုရအောင်လဲကျိုးစားနေရမှာပါ၊ကံ-ဥာဏ်-၀ိရိယသုံးဌာနမှာ အရာ ရာကို ကံတရားပဲလို့ လဲ ကံကိုကြီး အပြစ်ပုံမချနဲ့  ကံတရား ဆိုတာက
ရေလာဖို့  မြောင်းပေး ဆိုသလိုပါ၊ အောင်မြင်တဲ့ အကျိုးတရားရဖို့  မိမိရဲ့ အသိဥာဏ်နဲ့ 
ယှဉ်၊ ၀ိရိယနဲ့  ကြိုးစားရမှာပေါ့၊ ဒီလိုကျိုးစားလျှက်နဲ့  ဖြစ်မလာတော့မှ ကံတရားပဲလို့ 
မိမိရဲ့စိတ်ကို ဒေါသဘက် မကူးအောင် ဖြေသိပ်ရမှာပေါ့၊ ချမ်းသာမှု့ တစ်ခုကို လိုချင်ရင်
ချမ်းသာမှု့ နဲ့ရင်းလို့ မရဘူး၊ ဆင်းရဲဒုက္ခနဲ့ ရင်းရတာပဲ၊ ချမ်းသာကြီးကိုလိုချင်ရင် ချမ်းသာ
လေးကိုစွန့်ရသလို၊ ဆင်းရဲဒုက္ခကြီးကြောက်ရင် ဒုက္ခလေးတော့ ရင်းရမှာပေါ့၊ဆင်းရဲမှု့ များ
တော့လဲ သောကများသလို ချမ်းသာများတော့လဲ သောက ပွားတာပါပဲ၊ ဆင်းရဲ ချမ်းသာ
ဆိုတဲ့ ဒီ-ဆန့် ကျင်ဘက်တရားဟာလဲ အစဉ်ပြောင်းလွဲနေတဲ့ လောကနိယာမ ဖြစ်ပျက်မှု့ 
အစဉ်တစ်ခုလို့  ဥပေက္ခာပြုနေနိုင်ရင်တော့ နေတတ်ရင် ကျေနပ်စရာဖြစ်သလိုနေတတ်မှ
ချမ်းသာမှုကိုလဲ ရကြမှာပါ။
(၇)ရက်သားသမီးများ ချမ်းသာအောင် နေတတ်ကြပါစေ။

No comments:
Post a Comment