Monday, February 17, 2020

ဖြစ်ချင်တာတွေမဖြစ်ဘဲ မဖြစ်ချင်တာတွေဖြစ်နေသလား

တိုတောင်းလှတဲ့ ဘဝ၊ အတိုင်းအတာတစ်ခုနဲ့ နေရတဲ့ ဘဝလေးမှာ လူတိုင်းကတော့ ကြီးပွား
ချမ်းသာချင်တယ် ချမ်းသာဖို့ကြိုးစားကြတယ် ကြိုးစားသလောက် ဖြစ်မလာသူတွေ ဖြစ်လာပြန်
တော့ လဲ သားရေးသမီးရေး အိမ်ထောင်ရေး ကျမ္မာရေး စတဲ့အရေးတွေနဲ့ အစဉ်မပြေ ဆိုးကျိုးတွေ
ပေးလို့ ရင်လေးနေသူတွေအတွက် အားလုံးအစဉ်ပြေစေရန် အောက်ပါအတိုင်းလုပ်လိုက်ပါ။

(၁) တနင်္ဂနွေသားသမီးများ မွေးနေ့ အိမ်ကဘုရားမှာ နံက်  ၆ နာရီမှ ၇နာရီခွဲအတွင်း မေမြို့ပန်းအဖြူ ၅ပွင့် ဖရောင်းတိုင် ၅တိုင် အမွှေးတိုင် ၅ တိုင်လှူပြီး အောက်ပါ ဂါထာကို (၇)ခေါက်ရွတ်ပါ။ဆုတောင်း
(၂) တနင်္လာသားသမီးများ ည ၇ခွဲမှ ၈ နာရီအတွင်း သပြေပန်း (၆)ညွန့် ဖရောင်းတိုင် (၆) အမွှေး
တိုင် (၆)တိုင်အိမ်ကဘုရားမှာလှူပြီး အောက်ပါ ဂါထာကို (၉)ခေါက်ရွတ် ဆုတောင်းပါ။
(၃) အင်္ဂါသားသမီးများ နံနက် ၇နာရီခွဲမှ ၉နာရီအတွင်း ပန်းရောင်နှင်းဆီ(၅)ပွင့်၊ဖရောင်းတိုင်(၃)တိုင်
အမွှေးတိုင် (၃)တိုင်လှူ အောက်ပါဂါထာကို (၆)ခေါက်ရွတ်ဆုတောင်း။
(၄) ဗုဒ္ဓဟူးသားသမီးများ  မွေးနေ့ နံနက် (၆ နာရီမှ (၇)နာရီအတွင်း အုန်းဖူး သို့မဟုတ် အုန်း(၇) ဖရောင်းတိုင်(၇)တိုင် အမွှေးတိုင်(၇)တိုင်လှူဆုတောင်း အောက်ပါဂါထာကို (၇)ခေါက်ရွတ် ဆုတောင်း။
မှတ်ချက် ။ ဗုဒ္ဓဟူးနေ့ မွန်းတည့် ၁၂နာရီကျော်မှ ည ၁၂နာရီအတွင်း မွေးတဲ့ ရာဟုသားသမီးများက
ခရေ (၇)ညွန့် ကျန်တာ ဗုဒ္ဓဟူးအတိုင်းလုပ်ပါ။
(၅) ကြာသာပတေးသားသမီးများ ည(၉)နာရီမှာ ကံ့ကော် (၉)ညွန့် ဖရောင်းတိုင် (၅)တိုင် အမွှေးတိုင်(၅)တိုင် အိမ်ကဘုရားမှာ လှူ  အောက်ပါဂါထာကို (၉)ခေါက်ရွတ် ဆုတောင်း။
(၆)  သောကြာသားသမီးများ မွေးနေ့ (၇:၃၀)အချိန် ဇော်စိမ်း သို့မဟုတ် စစ်စပန်း (၃) ဖရောင်းတိုင် (၃) အမွှေးတိုင် (၇)တိုင် အိမ်ကဘုရားမှာလှူ ဆုတောင်း။
(၇) စနေသားသမီးများ မွေးနေ့ နံနက် (၆:၃၀) အချိန် ရွက်လှ (၄)ညွန့် ဖရာင်း(၇) အမွှေး(၇) အိမ်က
ဘုရားမှာလှူ ဆုတောင်း။
        မွေးနေ့ကစပြီး (၇)ရက်အဓိဌာန်လုပ်ပါ ထူးခြားမှု ရှိလာမည်

ဘေးရန်ကင်းကွာ စိတ်ချမ်းသာ လိုရာ ဆန္ဒြပြည့်ပါစေ၊
    နေလသိဒ္ဓိ အောင်သိဒ္ဓိဆရာတော်

                စိန္တာမဏိ ရတနာနိ၊   ဗုဒ္ဓံ ဗုဒ္ဓရတနာနံ
                 ကရံ ကရတိ သရဏံ၊ ခိပ္ပမေဝ သမိစ္ဇျတု။