Sunday, February 21, 2016

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဟောပြောပွဲ


 ဘာသာရဲ့ တန်ဖိုး အရောင်မဆိုးကြပါနှင့် ဆိုတဲ့ ခေါင်းစဉ်နှင့်ဟောပြောသွားတဲ့ ရန်ကုန်တိုင်း

(မဘသ)ဒုဥက္ကဌအောင်သိဒ္ဓိဆရာတော်ဟောပြောပွဲကောက်နုတ်ချက်။

         ယနေ့ခေတ်က စားသောက်ကုန်မျိုးစုံမှာတောင် အရောင်တွေမျိုးစုံ ဆိုးနေတဲ့ခေတ်

ဆိုတော့ စားသုံးသူတွေ အန္တရာယ်များတာပေါ့။  ထို့အတူ ဖြူစဉ်ငြိမ်းချမ်းနေတဲ့ ဘာသာ နှင့်
လူမျိုးတွေကိုလည်း နိုင်ငံရေးအအစွန်းရောက်မှု၊ ဘာသာရေးအစွန်းရောက်မှု၊ လူမျိုးရေး
အစွန်းရောက်မှု၊ အိမ်ထောင်ရေးရှုပ်ထွေးမှု အရောင်တွေအဆိုးခံရပြီ ဆိုလျှင် ဘယ်တော့မှ
ငြိမ်းချမ်းမှာမဟုတ်ဘူး။
   ကိုးကွယ်မှုဘာသာတရားဆိုတာ ကိုယ်ပိုင် လွတ်လပ်တဲ့ ယုံကြည်မှု အသိနဲ့တည်ဆောက်
ရတာပါ အရောင်ဆိုးလျှင် ညှိုး ခုလျှင်ခံ ဆိုသလို ဘာသာတရားတိုင်း အရောင်ဆိုးခံရလျှင် ညှိုး
သွားပါလိမ့်မယ်၊ ခုတုံးလုပ်ရင်လဲခံရပါလိမ့်မယ်။ ဒါ့ကြောင့် ညှိုး လည်းမညှိုးခံလည်းမခံရအောင် 
ကိုယ့်ဘာသာ  ကိုယ့်လူမျိုးကို တန်ဖိုးထားပြီး ဘာသာတရားရဲ့ အဆုံးအမကို လိုက်နာတတ်တဲ့
အကျင့်တွေ မွေးမြူတတ်ဖို့အလွန်အရေးကြီးပါတယ်။
   ကိုယ့်ဘာသာနဲ့ ကိုယ့်လူမျိုးကို တောင် တန်ဖိုးမထားတတ်ဘူးဆိုရင် အခြားဘသာ လူမျိုးကို
ဘယ်လိုတန်ဖိုးထားကြမလဲ။ တန်ဖိုးသိမှ တန်ဖိုးရှိတာကိုသိမှာပါ။ သိန်းပေါင်းများစွာတန်တယ်
ဆိုတဲ့ ကျောက်ခဲတစ်လုံးရဲ့ တန်ဖိုးကိုမသိရင် ဖိနပ်ချွတ်မှာ ခြေနင်းခုံလုပ်ထားပါလိမ့်မယ်။
     ဘုရားတိုင်း လမ်းညွန်ပေးတဲ့ ဘာသာတရားတိုင်းမှာ ကြီးမားတဲ့ အကြင်နာ မေတ္တာတွေ ငြိမ်း
ချမ်းရေးတွေ ရှိနေပါလျှက်နဲ့ ဘာ့ကြောင့် မငြိမ်းချမ်းကြတာလဲဆိုတော့ ချစ်ခြင်း မုန်းခြင်းဆိုတဲ့
အစွန်းနှစ်ဘက်ရောက်နေကြ လို့ပါဘဲ ။ တို့ဗုဒ္ဓက ဘုရားဖြစ်ပြီး ဒီအစွန်းနှစ်ဘက်လွတ်အောင်
နေကြဖို့ အရင်ဆုံးဟောခဲ့တယ်။
     ဘာသာပေါင်းစုံငြိမ်းချမ်းဖို့ဆိုရင် သံသယနဲ့ ကောလာဟလကိုပါယ်ဖျောက်နိုင်ဖို့ အလွန်အရေး
ကြိးတယ်၊ ညီညွတ် မျှတဖို့လည်းလိုပါတယ်၊  အရင်ဆုံး ကိုယ်တိုင်အစွန်းမရောက်ဘဲ ငြိမ်းချမ်း
အောင် လုပ်၊ ပြီးမှမိမိမိသားစုနဲ့ မိမိပတ်ဝန်းကျင် ငြိမ်းချမ်းအောင်လုပ်ပါ။ ဟန်ပြငြိမ်းချမ်းရေး ပေါ်
လစီအရ ငြိမ်းချမ်းရေးဟာ အနာစိမ်းတစ်လုံးကို အပေါ်ယံဖြတ်ထုတ်ပြိး ကုစားသလိုပါဘဲ ဘယ်
တော့မှ ပျြောက်မှာမဟုတ်သလို စစ်မှန်တဲ့ငြိမ်းချမ်းရေးလဲ ရမှာမဟုတ်ပါဘူး။
   ဒီမိုကရေစီခေတ်မှာ လွတ်လပ်စွာ သဘောထားကွဲခွင့်ရှိသော် လည်း လူမျိုးရေး ဘာသာရေး
ပဋိပက္ခအသွင်ဆောင်တဲ့ သဘောထားကွဲမှုမျိုးကိုတော့ ရှောင်ရပါလိမ့်မယ်။
    (11-1-2016) သာကေတ အနော်မာ ဘာသာပေါင်းစုံငြိမ်းရေး အောင်သိဒ္ဓိဆရာတော်
             ဟောပြောပွဲမှ ပထမပိုင်းကောက်နုတ်ချက်။
  

No comments:

Post a Comment